သရုပ်ဆောင် အောင်ရဲထွေးအသတ်ခံရမှု တိုင်းတရားလွှတ်တော်ကိုတင်ပြ
DVB
·
March 12, 2019
ဟာသ သရုပ်ဆောင် အောင်ရဲထွေးအသတ်ခံရမှုကို မတ်လ ၁၂ ရက်က ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခြင်းမရှိခဲ့ဘဲ အမှုတွဲကို တိုင်းတရားလွှတ်တော်ကို တင်ပြထားတယ်လို့ သိရပါတယ်။
အရှေ့ပိုင်းခရိုင်တရားရုံးမှာ အောင်ရဲထွေးအသတ်ခံရတာကို လူသတ်မှုနဲ့စွဲချက်တင်ကာ စွပ်စွဲခံရသူ ၃ ဦးကို စစ်ဆေးနေတာဖြစ်ပါတယ်။
လူသတ်မှုနဲ့စွဲချက်တင်ခံထားရတဲ့ သူတွေက ကျေနပ်မှုမရှိတဲ့အတွက် အမှုတွဲကို တိုင်းတရားလွှတ်တော်ထံ တင်ပြခဲ့တာဖြစ်ပါတယ်။ အဲဒီတင်ပြချက်ကို တိုင်းတရားလွှတ်တော်က လက်ခံခဲ့ပြီး မတ်လ ၁၅ ရက်နေ့မှာ နှစ်ဘက်ကြားနာမှာ ဖြစ်ပါတယ်။
ဟာသသရုပ်ဆောင် အောင်ရဲထွေးအသတ်ခံရမှုမှာ သန်းထွဠ်အောင် (ခ)သားကြီးနဲ့ ပြည့်ဖြိုးအောင် (ခ)အောင်လေးတို့ကို လက်သီးနဲ့ထိုး၊ ခြေထောက်နဲ့ကန်၊ ပုလင်းခွံနဲ့ ရိုက်နှက်လို့ သေဆုံးခဲ့တယ်ဆိုပြီး လူသတ်မှုပုဒ်မနဲ့ စွဲချက်တင်ခဲ့ပြီး ကျော်ဇောဟန် (ခ)ကျော်ဇော်ကို ပြစ်မှုကျူးလွန်ဖို့ အားပေးကူညီတယ်ဆိုပြီး ဇန်နဝါရီ ၇ ရက်က အရှေ့ပိုင်းခရိုင်တရားရုံးမှာ စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။