ထိုင်းထောင်မှ လွတ်မြောက်ခဲ့သည့် ဘာရိန်းဘောလုံးသမားကို သြစတြေးလျနိုင်ငံသားအဖြစ် ပေးအပ်

ထိုင်းနိုင်ငံမှာ ၃ လကြာ အကျဉ်းကျပြီး ပြန်လည်လွတ်မြောက်လာတဲ့ ဘာရိန်းဘောလုံးသမား ဟာကင်းမ် အယ်လ် အရိုင်ဘီကို သြစတြေးလျနိုင်ငံသားအဖြစ် ပေးအပ်ခဲ့ပါတယ်။ မတ်လ ၁၂ ရက်နေ့မှာတော့ ဟာကင်းမ်ဟာ သြစတြေးလျဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် အာရပ်နွေဦး တော်လှန်ရေးအတွင်း ဟာကင်းမ်ဟာ ပြစ်မှုကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက် ၂၀၁၄ ခုနှစ်မှာ ဘာရိန်းကနေ ထွက်ပြေးပြီး သြစတြေးလျမှာ ဒုက္ခသည်အဖြစ် ခံယူခဲ့ပါတယ်။ အဲဒီနောက် ဘန်ကောက်ကို ဟန်းနီးမွန်းခရီးထွက်ချိန် ဘာရိန်းအစိုးရ မေတ္တာရပ်ခံချက်နဲ့ ထိုင်းအာဏာပိုင်တွေက သူ့ကို ဖမ်းဆီးခဲ့တာပါ။ ဟာကင်းမ် ဖမ်းဆီးခံရတဲ့သတင်းကို နိုင်ငံတကာက ဝေဖန်ခဲ့ပြီး ဘောလုံးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်ကာ ဟာကင်းမ်လွတ်မြောက်ရေး ကြိုးပမ်းခဲ့ပါတယ်။ သြစတြေးလျဝန်ကြီးချုပ် မော်ရစ်ဆင်ကိုယ်တိုင် ဟာကင်းမ်လွတ်မြောက်ရေး တိုက်တွန်း လှုံ့ဆော်ခဲ့ပြီး နိုင်ငံသားပေးအပ်တဲ့ အခမ်းအနားမှာ မော်ရစ်ဆင်က ဟာကင်းမ်ကို သူ့အင်္ကျီမှာ တပ်ထားတဲ့ သြစတြေးလျအလံငယ် ပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up