ကမ္ဘောဒီးယား ရွေးကောက်ပွဲအကြို အတိုက်အခံတွေ နှိပ်ကွပ်ခံရ
DVB
·
October 10, 2012
ကမ္ဘောဒီယားက ထင်ရှားတဲ့ သတင်းစာဆရာနဲ့ တက်ကြွလှုပ်ရှားသူ မမ်း ဆိုနန်းဒိုကို ထောင်နှစ် ၂၀ ချမှတ်လိုက်ပါတယ်။ ဇူလိုင်လတုန်းက သူ့ကို ဖမ်းပြီး ကရာတီ ခရိုင်ထဲမှာ ခွဲထွက်ရေးအတွက် အကွက်ချစီစဉ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။
မမ်းဆိုနန်းဒို အလုပ်လုပ်တဲ့ ဘီး ဟိုက်ဗ် ရေဒီယိုသတင်းဌာနဟာ ကမ္ဘောဒီးယားမှာတော့ လက်တဆုပ်စာလောက်ရှိတဲ့ လွတ်လပ်တဲ့ မီဒီယာတွေထဲက တခုဖြစ်ပါတယ်။ အတိုက်အခံတွေရဲ့ အသံနဲ့ အစိုးရကို ဝေဖန်တဲ့ သတင်းထုတ်လွှင့်ချက်တွေကို ထုတ်လွှင့်နေတဲ့ မီဒီယာလည်း ဖြစ်ပါတယ်။ ဖနွမ်းပင်ကနေ ဘိုရင်နောင်း ပေးပို့လိုက်တာကို နားဆင်ကြရမှာပါ။ ဒီအကြောင်း မယုယမိုးက တင်ပြပေးထားပါတယ်။