ဂရိတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် ဂျုံမှုန့်တိုက်ပွဲ ဆင်နွှဲ

ဓာတ်ပုံ - Reuters
ဂရိနိုင်ငံ ဂလက်စီဗီမြို့ လမ်းမတွေပေါ်မှာ မတ်လ ၁၁ နေ့ရက်က ရောင်စုံဂျုံမှုန့်တွေနဲ့ တယောက်ကိုတယောက် ပက်ပြီး ဂျုံမှုန့်တိုက်ပွဲ ပွဲတော် ဆင်နွှဲနေကြပါတယ်။ အဲဒီပွဲတော်ဟာ ဘရင်ဂျီ ဘာသာဝင်တွေရဲ့ ဝါတွင်းကာလ ပြီးဆုံးတဲ့ အထိမ်းအမှတ်ဖြစ်ပြီး နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။ အေသင်မြို့ အနောက်ဘက်ကနေ ကီလိုမီတာ ၂၀၀ လောက်ဝေးတဲ့ ဂလက်စီဗီမြို့မှာ နေကာမျက်မှန်တွေ၊ တခါသုံး ပလတ်စတစ်ဝတ်ရုံတွေ ဝတ်ဆင်ထားကြတဲ့ မြို့ခံတွေ၊ ပွဲတော်လာသူတွေနဲ့ စည်ကားနေပါတယ်။ ရောင်စုံဂျုံမှုန့်တွေကို ရာချီတဲ့အိတ်တွေနဲ့ ထည့်ပြီး လမ်းမတလျှောက် တယောက်ကိုတယောက် ဂျုံမှုန့်တွေနဲ့ တိုက်ခိုက်ကြတာပါ။ ပွဲတော်အတွက် ဂျုံမှုန့်တွေကို ဒေသခံ ဂျုံစက်ရုံတွေက ထောက်ပံ့ပေးကြပြီး ဂျုံမှုန့်အလေးချိန် နှစ်တန်ခွဲလောက် သုံးကြပါတယ်။ ဂရိနိုင်ငံဟာ အနောက်ဥရောပမှာ တူရကီအင်ပါယာလို့ သိကြတဲ့ အော်တိုမန်အင်ပါယာ လက်အောက် ကျရောက်နေချိန် ၁၈၀၁ ခုနှစ်မှာ ဘရင်ဂျီပွဲတော် ကျင်းပခွင့် ပိတ်ပင်ခံရတာကို တော်လှန်ဖို့ ဂလက်စီဗီမြို့ ဒေသခံတွေက သူတို့ရဲ့ မျက်နှာတွေကို ပြာတွေသုတ်လိမ်းပြီး လမ်းပေါ်ထွက် ကခုန်ကြရာကနေ အဲဒီပွဲတော် အစပြုခဲ့တယ်လို့ ယူဆရပါတယ်။ အချိန်တွေ ကြာမြင့်လာတာနဲ့အမျှ မြို့ခံတွေဟာ ပြာအစား ဂျုံမှုန့်တွေကိုသုံးကြပြီး ဒီနေ့အထိ ပွဲတော်ကို နှစ်စဉ် ကျင်းပခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up