Home
မြန်မာသတင်း
ငါးပူတင်း စားမိသဖြင့် ကလေး ၂ ဦးသေဆုံး၊ ၄ ဦး ဆေးရုံတင်ထား
DVB
·
March 12, 2019
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ  မတ်လ ၁၁ရက် နေ့လယ်က မိသားစုတစု ငါးပူတင်း ချက်စားမိတဲ့ အတွက် ကလေး ၂ ဦးသေဆုံးပြီး ကျန် ၄ ဦးကို ဆေးရုံပို့ဆောင်ထားရပါတယ်။ လပွတ္တာမြို့နယ် ဘုန်းကြီးကုန်းကျေးရွာနေ စောဂျင်းဘတ်နဲ့ ဇနီးနော်ဆားစေ အပါအ၀င် မိသားစုဝင် ၆ ဦးဟာ မနေ့ မနက် ၉ နာရီလောက်က ငါးပူတင်း ချက်ပြုတ်စားသောက် မိရာက မူးဝေ အော့အန်ပြီး ၅ နှစ်သားနဲ့ ၁၂ နှစ်သား ယောက်ျားလေး ၂ ဦးဟာ ဆေးရုံမရောက်ခင် လမ်းမှာ သေဆုံးသွားခဲ့တာပါ။ ကျန်တဲ့မိသားစုဝင် ၄ ဦးကိုတော့ မနေ့ ညနေ ၆ နာရီကျော်မှာလောက်မှာ လပွတ္တာ ၃ မိုင် ကုတင် ၂၀၀ ဆေးရုံကို ပို့ထားရပါတယ်။ ဖခင်ဖြစ်သူဟာ လယ်ကွင်းတွေထဲ ပိုက်ပိတ် ငါးရှာတဲ့ အလုပ်လုပ်ကိုင်သူဖြစ်ပြီး မနေ့ မနက်ပိုင်းက ပိုက်မှာမိတဲ့ ငါးပူတင်းအစိမ်းကြားကွက် (၈)ကောင်ကို ဟင်းချက်စားသောက် မိရာက မိသားစုဝင်တွေ အဆိပ်သင့်ခဲ့တာပါ။ သေဆုံးသူ ကလေး ၂ ဦးကတော့ စောအယ်ခရစ်မူး (၅) နှစ်၊ စောနိုဘယ်ထူး (၁၂) တို့ဖြစ်ပြီး  ဖခင်ဖြစ်သူ စောဂျင်းဘတ် (၄၁) နှစ်၊ မိခင်ဖြစ်သူ နော်ဆားစေ(၃၉) နှစ်၊ နော်ဆာမူနာ (၁၆) နှစ်နဲ့ စောဟေဘလုမူး (၇) နှစ်တို့ကတော့ ဆေးရုံမှာ ဆေးကုသမှု ခံရယူနေရပါတယ်။ မြောင်းမြမြို့နေ ဦးအုန်းက "ငါးပူတင်းမှာ ငါးပူတင်းအကြား၊ ငါးပူတင်း အဝါ စတဲ့ မျိုးစုံရှိပါတယ်။ ငါးဗူးတင်းငါးကို ဟင်းလျာအဖြစ်ချက်စားမယ်ဆိုရင် ငါးခုတ်ထစ်တဲ့နေရာမှာ သည်းချေမပေါက်ဖို့ အရေးကြီးပါတယ်။ နောက်တခုက ငါးပူတင်းရဲ့ ဝမ်းပိုက်မှာရှိတဲ့ အစူးတွေကို ဖယ်ပြီး ချက်စားဖို့ အရေးကြီးပါတယ်။ ငါးပူးတင်းငါး ကိုခုတ်နေရင်းသည်းချေ ပေါက်သွားပြီး အဲ့ဒီ သည်းချေအရည်နဲ့ ထိမိသွားတဲ့ ငါးပူတင်းအသားကို စားမိရင်လည်း သေတယ်”လို့ ပြောပါတယ်။ စားသုံးသူ ပြည်သူတွေအနေနဲ့ ဈေးမှာ ရောင်းချနေတဲ့ ငါးပူတင်းငါးကို ဟင်းလျာအဖြစ် ဝယ်ယူ ချက်ပြုတ်စားသောက်ပါက သည်းချေ၊ ဝမ်းဗိုက်အဆူးတွေကို သတိပြု ခုတ်ထစ်စားသောက်စေဖို့ အထူးသတိပြုဖို့ လိုအပ်ပါတယ်။ သတင်း- ကျော်စိုးမိုး ၊ဘိုဘို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024