အမေရိကန်တွင် ယခင်လအတွင်း ဒေါ်လာ ၇၇ သန်းတန်ဖိုးရှိ ကိုကင်း ပေါင် ၃၂၀၀ ဖမ်းမိ

ဓာတ်ပုံ - DEA
နှစ်ပေါင်း ၂၅ နှစ်ကျော်အတွင်း အကြီးမားဆုံး ဖမ်းဆီးရမိတဲ့ ခန့်မှန်းတန်ဖိုး ဒေါ်လာ ၇၇ သန်းရှိ ကိုကင်းအလေးချိန် ပေါင် ၃,၂၀၀ ကို ပြီးခဲ့တဲ့လတုန်းက ဖမ်းဆီးရမိတယ်လို့ အမေရိကန် အာဏာပိုင်တွေက မတ်လ ၁၁ ရက်နေ့မှာ ပြောပါတယ်။ အဲဒီစစ်ဆင်ရေးကို အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးအေဂျင်စီ (CBP) က ဦးဆောင်ပြီး ကမ်းခြေစောင့်တပ်ဖွဲ့ (USCG)၊ အမိမြေလုံခြုံရေး စုံစမ်းရေး (HSI)၊ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ (DEA) နဲ့ ဒေသအာဏာပိုင်တွေ ပူးပေါင်းဆောင်ရွက်တာပါ။ မူးယစ်ဆေးတွေကို အထုပ်ပေါင်း ၆၀ လောက်နဲ့ ဖြန့်ကြက်သယ်ဆောင်လာပြီး စစ်ဆေးကြည့်ရာမှာ ကိုကင်းဖြစ်ကြောင်း သိရတယ်လို့ CBP က ပြောပါတယ်။ မူးယစ်ဆေးသယ်ဆောင်လာတဲ့ ကွန်တိန်နာဟာ တောင်အမေရိကတိုက်က လာတယ်လို့ CBP က ပြောပေမယ့် စုံစမ်းရေးအကြောင်း သတင်းထုတ်ပြန်တာ နည်းပါးနေပါတယ်။ ဒီ ကိုကင်းဖမ်းဆီးမှုဟာ နယူးယောက်နဲ့ နယူးဂျာစီ ပူးတွဲဆိပ်ကမ်း ဖမ်းဆီးသမျှထဲမှာ ဒုတိယအကြီးမားဆုံးဖြစ်ပြီး ၁၉၉၄ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up