တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို တာဝန်ကရပ်စဲ

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို မတ်လ ၁၁ ရက်ကစပြီး တာဝန်ကနေ ရပ်စဲလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်စာထုတ်ပြန်လိုက်ပါတယ်။ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နဲ့ Global Grand Services (GGS) ကုမ္ပဏီက မန်နေးဂျင်းဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နဲ့ ဦးသူရအုံတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ ထားဝယ်ရဲစခန်းမှာ အမှုဖွင့် အရေးယူလိုက်ပြီးနောက် တာဝန်ကနေရပ်စဲကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တရားဝင် အမိန့်ထုတ်ပြန်တာပါ။ ဒေါက်တာလဲ့လဲ့မော်ကို ကော့သောင်းမြို့နယ် မြို့မရဲစခန်း ရဲရိပ်သာမှာ မနေ့က အကျယ်ချုပ်ထားရှိပြီး မွန်းလွဲပိုင်းမှာ လေယာဉ်နဲ့ ထားဝယ်ကို ပို့ဆောင်လိုက်တယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up