ဇီဒန်းကို ရီးရဲလ်နည်းပြအဖြစ် ပြန်လည်ခန့်အပ်

စပိန်လာလီဂါထိပ်သီး ရီးရဲလ်မက်ဒရစ်အသင်းဟာ နည်းပြ ဆိုလာရီကို ထုတ်ပယ်လိုက်ပြီးနောက် အရင်နည်းပြဟောင်း ဇီဒန်းကို ပြန်ခန့်လိုက်ပါတယ်။ ဇီဒန်းဟာ ရီးရဲလ်အသင်းကို ချန်ပီယံလိဂ်ဖလား သုံးကြိမ်ဆက်ရအောင် စွမ်းဆောင်ပေးပြီးနောက် အသင်းနဲ့ လမ်းခွဲခဲ့တာပါ။ ဇီဒန်းနဲ့ လမ်းခွဲပြီးနောက် ရီးရဲလ်ဟာ စပိန်လက်ရွေးစင်နည်းပြ လိုပက်တက်ဂွီကို ခန့်အပ်ခဲ့ပေမယ့် ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် ထုတ်ပယ်ပြီး ကစားသမားဟောင်း ဆိုလာရီနဲ့ အစားထိုးခဲ့တာပါ။ ဆိုလာရီလက်ထက်မှာလည်း ရီးရဲလ်ဟာ ရုန်းကန်ခဲ့ရပြီး ချန်ပီယံလိဂ်နဲ့ ကိုပါဒယ်ရေး ဖလားပြိုင်ပွဲတွေကနေ ထွက်ခဲ့ရသလို လက်ရှိလည်း လာလီဂါ အမှတ်ပေးဇယားမှာ ထိပ်ဆုံးက ဘာစီလိုနာနဲ့ ၁၂ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။ ရီးရဲလ်မက်ဒရစ်ဟာ ဇီဒန်းကို ၂၀၂၂ ခုနှစ်အထိ စာချုပ် ချုပ်ဆိုပြီး ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ ဇီဒန်းဟာ ရီးရဲလ်နဲ့ လမ်းခွဲခဲ့ပြီးနောက် ဥရောပ ထိပ်သီးအသင်းတွေက ချိတ်ဆက်ခဲ့ပေမယ့် ဘယ်အသင်းကိုမှ ကိုင်တွယ်ခဲ့ခြင်းမရှိဘဲ အခုမှ ရီးရဲလ်ကို တကျော့ပြန် ကိုင်တွယ်တာဖြစ်ပါတယ်။ ရီးရဲလ်ဥက္ကဋ္ဌ ဖလော်ရင်တီနို ပီရက်ဇ်ကလည်း ဇီဒန်း ပြန်ရောက်လာတဲ့အပေါ် ကြိုဆိုလိုက်ပြီး "ကမ္ဘာပေါ်က အကောင်းဆုံးနည်းပြ ကလပ်အသင်းကို ပြန်ရောက်လာပါပြီ" လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up