Home
မြန်မာသတင်း
ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား ကော့သောင်းရဲစခန်းတွင် ရမန်ယူ၍ ထားဝယ်ပို့ဆောင်
DVB
·
March 11, 2019
ကော့သောင်းမြို့မှာ ထိန်းသိမ်းခံထားရတဲ့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား ထားဝယ်မြို့ကို ဒီနေ့ ပို့ဆောင်လိုက်တယ်လို့  သိရပါတယ်။ ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်ကို ကော့သောင်းမြို့နယ် မြို့မရဲစခန်း ရဲရိပ်သာမှာ အကျယ်ချုပ်ထားရှိပြီး မွန်းလွဲပိုင်းမှာ လေယာဉ်နဲ့ ထားဝယ်မြို့ကို ပို့ဆောင်လိုက်တာလို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။ လက်ရှိမှာတော့ နယ်လုံဝန်ကြီး ဗိုလ်မှူး ကြီးကျော်ဇေယျက ယာယီ ၀န်ကြီးချုပ် တာဝန်ယူထားတယ်လို့ သိရပါတယ်။ ကော့သောင်းမြို့နယ် ချန်းဖန်းကျေးရွာမှာ ဒီနေ့မနက် ဗိုလ်မှူးကြီး ကျော်ဇေယျနဲ့ပြည်သူတွေ တွေ့ဆုံဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် ဒေါ်လဲ့လဲ့မော် ရမန်ယူဖို့နဲ့ ထားဝယ် ပို့ဆောင်ဖို့ လုံခြုံရေးကိစ္စတွေ ဆောင်ရွက်နေတာကြောင့် တက်ရောက်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်နဲ့ Global Grand Services (GGS) ကုမ္ပဏီက မန်နေးဂျင်းဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နဲ့ ဦးသူရအုံတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ထားဝယ်ရဲစခန်းမှာ အမှုဖွင့် အရေးယူထားတာပါ။ လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024