Home
မြန်မာသတင်း
ရဲတပ်ဖွဲ့ဝင်များ၏ စက်လှေကို အေအေအဖွဲ့ ပစ်ခတ်၊ ရဲတပ်ဖွဲ့ဝင် ၁ ဦးကျဆုံး
DVB
·
March 11, 2019
ရသေ့တောင်မြို့နယ် အိုးဖောက်ရဲကင်းစခန်း တပ်ဖွဲ့ဝင် ၁၄ ဦး စီးနှင်းလိုက်​ပါလာတဲ့ စက်လှေတစီးကို အေအေအဖွဲ့က ပစ်ခတ်တာကြောင့် ရဲတပ်ဖွဲ့ဝင်တဦး ကျဆုံးသွားတယ်လို့ သိရပါတယ်။ ညောင်ချောင်းစခန်းကို အင်အားပူးပေါင်းဖို့ ရေကြောင်းနဲ့ လာရောက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ လှေကို ကာဒီချောင်းအတွင်းမှာ အေအေအဖွဲ့က မတ်လ ၁၀ ရက်နေ့ ည ၆ နာရီ လောက်က ချုံခိုတိုက်ခိုက်ခဲ့တာလို့ ညောင်ချောင်းစခန်း တာဝန်ရှိသူတဦးက အတည်ပြုပြောကြားပါတယ်။ "စက်လှေက ရသေ့တောင်မြို့နယ် အာကာတောင်ကျေးရွာမှ စက်လှေဖြစ်စပါတယ်။ ညနေ ၆ နာရီ လောက်မှာ ညောင်ဘင်္ဂလီကျေးရွာအနီး ကာတီကျေးရွာ နားမှာ တိုက်ခိုက်ခံရတယ်။ တဦးကျပြီး ရေစီးနဲ့မျောပါသွားတယ်၊ အလောင်းကို အခုထိရှာမရသေးဘူး။ ကျန်တပ်ဖွဲ့ဝင်တွေကတော ကမ်းကိုကပ်နိုင်ခဲ့တယ်။ စက်လှေလည်း နှစ်မြုပ်သွားတယ်။" မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာတော့ အေအေအဖွဲ့က စက်လှေကြီးတစီးနဲ့ ရောက်ရှိလာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့သလို ရဲတပ်ဖွဲ့ဝင်တွေရဲ့ စက်လှေကိုလည်း ဝင်တိုက်ခဲ့တာကြောင့် စက်လှေမှာ နစ်မြုပ်သွားပြီး လက်နက်ငယ် ၃ လက်ပါသွားခဲ့ကြောင်း၊ ရဲတပ်သားတဦး သေနတ်ဒဏ်ရာရရှိပြီး ရေနဲ့အတူ မျောပါသွားကာ ကျန်ရဲတပ်ဖွဲ့ဝင်တွေကတော့ ဒဏ်ရာမရရှိဘူးလို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024