ဆယ်လ်ဖီရိုက်ရန် ကြိုးစားသည့် အမျိုးသမီးအား ကျားသစ်နက် တိုက်ခိုက် (ရုပ်သံ)

အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် ဖီးနက်စ်မြို့အနီးက ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ဥယျာဉ်မှာ မတ်လ ၉ ရက်နေ့က ကျားသစ်နက်တကောင် တိုက်ခိုက်တာခံရလို့ အမျိုးသမီးတဦး ဒဏ်ရာရသွားပါတယ်။ အဲဒီအမျိုးသမီးဟာ ဆယ်လ်ဖီရိုက်ဖို့ ကြိုးစားနေချိန် ကန့်သတ်ထားတဲ့နေရာကို ကျော်သွားခဲ့တယ်လို့ မီးသတ်တာဝန်ရှိသူက ပြောပါတယ်။ ကျားသစ်က ရန်လိုတိုက်ခိုက်တာကြောင့် အမျိုးသမီးရဲ့လက်မှာ ဒဏ်ရာရခဲ့ပြီး နီးစပ်ရာဆေးရုံကို ပို့ခဲ့ရပါတယ်။ အော်သံကြားလို့ ကြည့်လိုက်တဲ့အခါ အဲဒီကျားသစ်ဟာ သူ့ရဲ့လက်သည်းတွေနဲ့ အမျိုးသမီးရဲ့လက်ကို ကုတ်လိုက်တာ တွေ့ခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ လက်ရှိအချိန်မှာ အဲဒီအမျိုးသမီးဟာ ဒဏ်ရာကနေ ပြန်သက်သာလာပါပြီ။ ဒီဖြစ်ရပ်မှာ တိရစ္ဆာန်ဖြစ်တဲ့ ကျားသစ်ရဲ့အမှား မဟုတ်တာကြောင့် သူ့ကို အရေးယူမှာ မဟုတ်ဘူးလို့ တိရစ္ဆာန်ဥယျာဉ် တာဝန်ရှိသူတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up