ရေမြောင်းထဲ ပြုတ်ကျနေသည့် ကြံ့သူတော်တကောင်ကို ကယ်ဆယ် (ရုပ်သံ)

မလေးရှားကယ်ဆယ်ရေးသမားတွေက ရေမြောင်းထဲမှာ ပိတ်မိနေတဲ့ ကြံ့သူတော် တကောင်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ Reuters သတင်းမှာဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က ဆီလန်ဂေါမှာဖြစ်ပွားခဲ့တာပါ။ ကယ်တင်ခံရတဲ့ ကြံ့လေးဟာ လူနေဧရိယာကို ရောက်ရှိလာခဲ့ပြီး ရေမြောင်းထဲကို မတော်တဆ ပြုတ်ကျသွားခဲ့ပုံရတယ်လို့လည်း ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ ထွက်ပေါ်လာတဲ့ ဗွီဒီယိုဖိုင်တခုမှာလည်း ကယ်ဆယ်ရေးသမားတွေက ကြံ့လေးရဲ့ ကိုယ်ပေါ်မှာ သိုင်းကြိုးတပ်ဆင်ပေးနေတာကို မြင်တွေ့ရပြီး အဲဒီနောက်မှာမှ သူ့ကို ဝန်ချီစက်နဲ့ ဆွဲတင်ကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။ ကြံ့လေးမှာ အသေးစားထိ ခိုက်ဒဏ်ရာရရှိမှုတွေကို မြင်တွေ့ခဲ့ရပြီး သူ့ကို ဒေသတွင်းစောင့်ရှောက်ရေး စင်တာတခုကို ပို့ဆောင်ထားတယ်လို့လည်း ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up