ဘီး ၁၀ ဘီးပါ ကမ္ဘာ့အကြီးဆုံး SUV ကား

ကမ္ဘာ့အကြီးဆုံး SUV ကားလို့ သတ်မှတ်နိုင်မယ့် ကားတစီးကို ယူအေအီးမင်းသား ဟာမတ်ဘင် ဟမ်ဒန် အယ်လ်နာဟန်က စစ်ဘက်သုံးထရပ်တစ်စီးနဲ့ ဂျစ်ကားတစီးတို့ကို ပေါင်းစပ်ကာ တည်ဆောက်ခဲ့တယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။ “Dhabiyan” လို့ နာမည်ပေးထားတဲ့ ဒီကားကို ယူအေအီးတောင်ဝင်မိသားစုဝင် မင်းသားက စစ်ဘက်သုံး Oshkosh  M1075 နဲ့ Wrangler ဂျစ်ကားတို့ကို ပေါင်းစပ်ကာ တည်ဆောက် ထားတာပဲ ဖြစ်ပါတယ်။ ဒီ ကားမှာ ဘီး ၁၀ လုံးပါဝင်ပြီး အလေးချိန် ၂၄ တန်ရှိကာ  600 hp၊ 15.2 liter ၊ 6-cylinder Catarpillar C15 ဒီဇယ် အင်ဂျင်တပ်ဆင်ထားတယ်လို့သိရပါတယ်။ ကားဟာ ၁၀ ဒသမ ၈ မီတာ ရှည်လျားပြီး ၂ ဒသမ ၅ မီတာ အကျယ်ရှိကာ ၃ ဒသမ ၂ မီတာမြင့်ပါတယ်။ ဒီကားဟာ နာမည်ကြီးကားတွေကို စုဆောင်းသူအဖြစ် ထင်ရှားတဲ့ ယူအေအီမင်းသားပိုင်ဆိုင်ထားတဲ့ အဖိုးတန်ကားတွေထဲက နောက်ဆုံးပေါ်ကားတစီးဖြစ်ပြီး ရှာဂျာ့ဂ်ျ ပြပွဲမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ သတင်းတွေအရ ဒီကားကို အာရပ်မင်းသားကိုယ်တိုင် ဒီဇိုင်းဆွဲတည်ဆောက်ထား တာလို့သိရပြီး ကားတန်ဖိုးကိုတော့ မဖော်ပြထားပါဘူး။ ကမ္ဘာကျော်တန်ဖိုးကြီး ကားတွေကို လူမှုကွန်ရက်မှာ ထုတ်ဖော်ပြသတတ်သူဖြစ်တဲ့ ဟာမတ်ဘင် ဟမ်ဒန် အယ်လ်နာဟန်သူပိုင်တဲ့ Mercedes –S Class ကားတစီးကို သက်တန့်ရောင်ချယ်မှုန်းခဲ့လို့ သက်တန့်ရောင်မင်းသားအဖြစ်လည်း ထင်ရှားသူဖြစ်ပါတယ်။ ရာဂျာ့ဂ်ျကားပြပွဲကနေ ထင်ရှားလာခဲ့ပြီးနောက် မင်းသားရဲ့ ကမ္ဘာ့အကြီးဆုံး SUV ကားကို အင်တာနက်သုံးစွဲသူတွေက နည်းမျိုးစုံနဲ့ မှတ်ချက်ပေးလေ့ လျက်ရှိကြပြီး တချို့ကတော့ ဒီတီထွင်ဖန်တီးမှုကို ချီးကျူနေကာ တချို့ကလည်း ကားရဲ့အရှေ့ပိုင်းဟာ အရမ်းကို ရှည်လျားလွန်းနေတာကြောင့် ရှေ့မြင်ကွင်းကို အနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့ ဝေဖန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up