ဂျပန်နိုင်ငံတောင်ပိုင်းက ကမ္ဘာ့အသက်အကြီးဆုံး ဘွားဘွား

783
ဂျပန်နိုင်ငံ တောင်ပိုင်း ဖှုခုအိုကာမြို့က ဘိုးဘွားရိပ်သာမှာနေတဲ့ အသက် ၁၁၆ နှစ်အရွယ် ခါ့နေးတာ့နာ့ခါ့ကို ကမ္ဘာ့ အသက်အကြီးဆုံး သက်ရှိလူသားနဲ့ ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိ အမျိုးသမီးအဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန်အဖွဲ့က မတ်လ ၉ ရက်နေ့မှာ အသိအမှတ်ပြုလိုက်ပါတယ်။
အသက် ၁ဝဝ ပြည့်ချိန်ကတည်းက သူ့အိပ်မက်ကို နောက်ဆုံးမှာ အကောင်အထည် ဖော်နိုင်ခဲ့တာပါ။
ဂင်းနစ် ကမ္ဘာ့မှတ်တမ်း အသိအမှတ်ပြု လက်မှတ်အပ်နှင်းပွဲကို သူနေတဲ့ ရိပ်သာမှာ ကျင်းပပြီး မိသားစုတွေနဲ့ ဒေသခံအရာရှိတွေ တက်ရောက်ပါတယ်။
တာ့နာ့ခါ့ဟာ ၁၉၀၃ ခုနှစ် ဇန်နဝါရီ ၂ ရက်မှာ မွေးဖွားခဲ့သူပါ။ အသက်အကြီးဆုံး အမျိုးသားအဖြစ် အသက်ရှင်ခဲ့သူ ဂျပန်အမျိုးသား ဂျိရိုအဲမွန်ခိမုရဟာ အသက် ၁၁၆ နှစ်၊ ၅၄ ရက် အထိ အသက်ရှည်ခဲ့ပြီး ၂၀၁၃ ခုနှစ်က သေဆုံးခဲ့ပါတယ်။
ဂင်းနစ် ကမ္ဘာ့စံချိန်က အသိအမှတ်ပြုဖူးတဲ့ ကမ္ဘာ့ အသက်အရှည်ဆုံးလူဟာ ပြင်သစ် အမျိုးသမီး ဂျင်းနီကားလ်မဲန့် ဖြစ်ပါတယ်။ သူကတော့ အသက် ၁၂၂ နှစ် ၁၆၄ ရက်ထိ အသက်ရှည်ခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။