A d v e r t i s e m e n t With Us

အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ ရုံးဖွင့်ခွင့်ပေးရန် တောင်းဆိုမည်

အလုပ်သမားဝန်ကြီးနဲ့ တွေ့ရင် မြန်မာပြည်မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂရုံး ဖွင့်ခွင့်ပြုဖို့ တောင်းဆိုသွားမယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စ ရှာရွန် ဘောရိုး (Ms Sharon Borrow) က ပြောလိုက်ပါတယ်။ မနေ့က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (ယူအမ်အက်ဖ်စီစီအိုင်) မှာ ကျင်းပတဲ့ စက်ရုံအလုပ်သမားတွေ၊ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့နဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ တွေ့ဆုံတဲ့ပွဲမှာ ပြောလိုက်တာပါ။ မြန်မာပြည်မှာ ရုံးဖွင့်နိုင်မှ အလုပ်သမားတွေကို ပညာပေးတဲ့ ကိစ္စတွေ၊ အလုပ်သမားပြဿနာတွေကို ဥပဒေကြောင်းအရ ဖြေရှင်းတဲ့နေရာမှာ ပိုအဆင်ပြေစေမယ့်အကြောင်း ၀န်ကြီးကို ရှင်းပြပြီး ရုံးဖွင့်ခွင့်ရအောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up