A d v e r t i s e m e n t With Us

နိုင်ငံပိုင်သတင်းစာ အောက်တိုဘာ ၁၈ ရက်နေ့ ရောင်စုံ စထုတ်မည်

အဖြူအမည်းနဲ့ ထုတ်ဝေနေတဲ့ နိုင်ငံပိုင်သတင်းစာတွေကို လာမယ့် အောက်တိုဘာ ၁၈ ရက်ကစပြီး ရောင်စုံနဲ့ ထုတ်ဝေနိုင်ဖို့ ကြိုးစားနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနဲ့ စာနယ်ဇင်း အထွေထွေမန်နေဂျာ ဦးရဲနိုင်က ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။ ရောင်စုံသတင်းစာအဖြစ် ထုတ်ဝေနိုင်ရေး သတင်းစာ အပြင်အဆင်၊ စက္ကူ၊ မင်ကိစ္စ၊ ကြော်ငြာကိစ္စတွေမှာ အတွေ့အကြုံရှိပြီးဖြစ်တဲ့ မြန်မာတိုင်းမ်ဂျာနယ်အပါအ၀င် အခြား ဂျာနယ် ၁၃ စောင် ထုတ်ဝေသူတွေနဲ့ ဆက်စပ် အကူအညီရယူ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဒီဆောင်ရွက်ချက်ဟာ မကြာမီ အကောင်အထည်ဖော်မယ့် အများပြည်သူ ၀န်ဆောင်မှု သတင်းစာရဲ့ ရှေ့ပြေးအကောင်အထည်ဖော်မှု ဖြစ်တယ်လို့လည်း သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up