Home
မြန်မာသတင်း
မိုင်းတုံတွင် ၁၀ ရက်အတွင်း တရားမ၀င်သစ် ၁၅ တန်ကျော် ဖမ်းမိ
DVB
·
March 10, 2019
ရှမ်းပြည်​နယ်​အ​ရှေ့ပိုင်း မိုင်းတုံမြို့နယ်​ မိုင်းကန်​သစ်​​တောကြိုးဝိုင်း ဧရိယာမှာ ၁၀ ရက်အတွင်း တရားမ၀င် ကျွန်း/ပိ​တောက်​ သစ်​လုံးနဲ့ခွဲသား စုစု​ပေါင်း ၁၅ တန်​​ကျော်​ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖေ​ဖော်ဝါရီလ ၂၈ ရက်​​နေ့ကနေ မတ်​လ ၉ ရက်​​နေ့အထိ သစ်​​တောဦးစီးဌာနနဲ့ တပ်​မ​တော်​ပူး​ပေါင်းကာ စစ်​​ကြောင်းသုံး​ကြောင်းနဲ့ တရားမဝင်​ သစ်​ထုတ်​လုပ်​​နေတာကို ဖော်ထုတ်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ စီမံချက်​ချ ရှင်းလင်းနေတာဖြစ်ပြီး ​လော​လောဆယ်​ ဖမ်းဆီးရမိတဲ့သစ်​​တွေ သယ်​ယူနိုင်​ဖို့ စီစဉ်​​နေတယ်လို့ မိုင်းတုံမြို့နယ်​ သစ်​​တောဦးစီးအရာရှိ ဦးဖိုးချိုက​ ပြောပါတယ်​။ ရှမ်းပြည်​နယ်​ အ​ရှေ့ပိုင်းအတွင်း တရားမဝင်​ သစ်​ထုတ်​လုပ်​ သယ်​​ဆောင်​​ ရောင်းဝယ်​တာတွေ ၂၀၀၁ ခုနှစ်​က စတင်​ကာ တ​ဖြည်းဖြည်း ကျယ်​ပြန့်​လာပြီး ၂၀၁၀ ခုနှစ်​​ နောက်​ပိုင်းမှာ တရုတ်​ပြည်​ကနေ ကုန်​သည်​ကြီးတွေ ဝင်​​ရောက်​လာပြီး​ ဈေးကစားဝယ်​ယူနေကြတယ်လို့ ဒေသခံ သတင်းထောက်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024