လိင်ပြောင်းသူများ အလှမယ်ပြိုင်ပွဲတွင် ဂျက်ဇဲ ဘာဘီရွိုင်ရယ် သရဖူရရှိ

မတ် ၈ ရက်နေ့က ပြုလုပ်တဲ့ ကမ္ဘာ့အကြိးဆုံးနဲ့ လူကြိုက်အများဆုံး လိင်ပြောင်းသူများ အလှမယ်ပြိုင်ပွဲမှာ အမေရိကန်က  ဂျက်ဇဲ ဘာဘီရွိုင်ရယ် သရဖူရရှိသွားပါတယ်။ ၁၄ ကြိမ်မြောက်  Miss International Queen 2019 ပြိုင်ပွဲကို ကမ္ဘာအနှံ့က လိင်ပြောင်းထားသူ အလှမယ်တွေ ၀င်ရောက်ယှဉ်ပြိုင်ကြပါတယ်။ ပြိုင်ပွဲကို Tiffany's Show မှာ ပြုလုပ်ပြီး ပြိုင်ပွဲဝင်တွေဟာ အမျိုသားဝတ်စုံ၊ ရေကူးဝတ်စုံနဲ့ ညနေပွဲတက်ဝတ်စုံတွေကို ၀တ်ဆင်ပြသကြပါတယ်။ ဂျက်ဇဲ-ဘာဘီရွိုင်ရယ်ဟာ ဒီပြိုင်ပွဲမှာ သရဖူရရှိတဲ့ ပထမဆုံးလူမည်းတဦးလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ထိုင်းလိင်ပြောင်းအလှမယ်က ဒုတိယနဲ့ တရုတ်အလှမယ်က တတိယ  အသီးသီးရခဲ့ပါတယ်။ Miss International Queen ပြိုင်ပွဲဟာ လိင်ပြောင်းပြီး အမျိုးသမီးဘ၀ ခံယူထားသူတွေ အတွက် သူတို့အရည်အသွေးတွေကို ထုတ်ဖော်ပြသခွင့်ပေးထားတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up