Home
မြန်မာသတင်း
သွင်းခွင့်ပိတ်ထားသည့် ဖားကန့်ကို မြေသယ်ယာဉ် အစီး ၅၀ ကျော် တင်သွင်းလာ
DVB
·
March 9, 2019
သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် စက်ယန္တရားနဲ့ အပိုပစ္စည်းတွေ တင်သွင်းခွင့်ကန့်သတ်ထားတဲ့ ကချင်ပြည်နယ် ဖားကန့်ရတနာ နယ်မြေကို မြေသယ်ယဉ် အစီး ၅၀ ထက်မနည်း တင်သွင်းလာတယ်လို့ သိရပါတယ်။ အခုလို ယန္တရားတွေ တင်သွင်းလာတာကို တစုံတရာ မသိရဘူးလို့ ကချင်ပြည်နယ် သယံဇာတ ဝန်ကြီး ဦးဒါရှီလှဆိုင်းက ပြောပါတယ်။ “သမ္မတရုံးက ခွင့်ပြုချက်နဲ့လို့တော့ ပြောတယ်။ ဝန်ကြီးချုပ်နဲ့ လုံနယ်ဝန်ကြီးတော့ သိတယ်လို့ ပြောတယ်။ ဒါကလည်း ကျနော့်နည်း ကျနော့်ဟန်နဲ့ စုံစမ်းလို့ သိရတာပါ"  လို့ ပြောပါတယ်။ လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအားတီယောဟန်က “ဒီကိစ္စက ကျနော်တို့ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေလည်း တယောက်မှ မသိရဘူး။ ဒါမျိုးက ခွင့်ပြုမယ်ဆိုရင်တောင်မှ ကက်ဘိနက် ဆုံးဖြတ်ချက်နဲ့မှ ဆုံးဖြတ်ရတာလေ။ ဒီလို ခွင့်ပြုချင်သလို ခွင့်ပြုလို့ ရလို့လား" လို့ ပြောပါတယ်။ ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခင်း) မှ တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ မြေသယ်ယဉ်အများစုဟာ တရုတ်နိုင်ငံထုတ်မော်တော်ယာဉ်တွေ အများစု ဖြစ်ပြီး တရုတ် မြန်မာနယ်စပ် ကန်ပိုက်တီးဂိတ်မှ တင်သွင်းလာတာလည်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇော်မိုးထက် (ဖားကန့် )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024