Home
မြန်မာသတင်း
ဟံသာဝတီမြို့ရိုးဟောင်း အမွေအနှစ် တူးဖော်တာနှင့်မတူဘဲ ဖျက်ဆီးသလိုဖြစ်နေဟုဆို
DVB
·
March 9, 2019
ပဲခူး (ဟံသာဝတီ) မြို့ရိုးဟောင်း တူးဖော်တဲ့နေရာမှာ လက်ရှိအနေအထားအရ ရှေးဟောင်း အမွေအနှစ်ကို တူးဖော်တာနဲ့ မတူဘဲ ဖျက်ဆီးသလို ဖြစ်နေတယ်လို့ ပဲခူးတိုင်း အန်အယ်လ်ဒီ ဥက္ကဋ္ဌက ဝေဖန်ပြောဆိုလိုက်ပါတယ်။ ပဲခူးဟံသာဝတီမြို့ရိုးဟောင်းကို ပထမအဆင့်အနေ နဲ့  ပဲခူးတိုင်းဒေသကြီးရန်ပုံငွေ သန်း ၁၈၀ လောက် အကုန်ခံပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၇ ရကနေ့ကတည်းက စတင်တူးဖော်နေတာပါ။ အဲဒီလိုတူးဖော်တဲ့နေရာမှာ ရှေးဟောင်းသုတေသန နဲ့ ဘွဲ့ရပြီး ရှေးဟောင်းသုတေသန ကျွမ်းကျင်ပညာရှင်တွေ လာရောက်ကြီးကြပ်တာ မတွေ့ရဘဲ သာမန်အလုပ်သမားခေါင်းဆောင်တွေကပဲ ကြီးကြပ်နေတဲ့အတွက် မြို့ရိုးတူးဖော်တဲ့နေရာက နေရလာမယ့် သတင်းအချက်အလက်တွေ၊ သမိုင်းအချက်အလက်တွေ ပျက်စီးကုန်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပဲခူးတိုင် ဥက္ကဋ္ဌ ဦးသိန်းဒန်က ပြောပါတယ်။ “မြို့ရိုးတူးဖော်တာဟာ ရှေးဟောင်းအမွေအနှစ်တွေကို တူးဖော်တာနဲ့မတူဘဲ ဖျက်ဆီးသလိုဖြစ်နေတယ်။ ပြီးတော့ ပြည်သူတွေရဲ့ ဘဏ္ဍာတွေကိုလည်း ဖြုန်းတည်းသလို ဖြစ်နေတဲ့အတွက် ဒီကိစ္စကို သေသေချာချာစုံစမ်းဖော်ထုတ်သွားမယ်။” ရှေးဟောင်းမြို့ရိုးတူးဖော်တဲ့နေရာကို မြန်မာနိုင်ငံရှေးဟောင်းသုတေသန ကျွမ်းကျင်သူတွေ သွားရောက်လေ့လာတဲ့အခါမှာ ရှေးဟောင်းသုတေသန စံချိန်စညွှန်းနဲ့မညီဘဲ တူးဖော်နေတာတွေ၊ မှတ်တမ်းတင်းမှု အားနည်းနေတာတွေ၊ ရှေးဟောင်းအမွေအနှစ် တူးဖော်တဲ့ နေရာမှာသုံးတဲ့ ပစ္စည်းကရိယာတွေကို သုံးတာမတွေ့ရကြောင်းနဲ့ ရှေးဟောင်းသုတေသန နဲ့ ပာတ်သက်ပြီး ဘွဲ့ရရှိထားတဲ့သူတွေ ကြီးကြပ်တာ မတွေ့ခဲ့ရဘူး” လို့ မြန်မာနိုင်ငံရှေးဟောင်းသုတေသနပညာအသင်း အတွင်းရေးမှူး ဦးသူရအောင်က ပြောပါတယ်။ လက်ရှိမှာတော့ တူးဖော်ရေးလုပ်ငန်းကို Asia Peacoca ဟံသာဝတီ ကုမ္ပဏီကနေ တာဝန်ယူတူးဖော်နေတာပါ။ တူးဖော်ရေးလုပ်ငန်ထဲမှာ ရှေးဟောင်းသုတေသန ကျွမ်းကျင်ပညာရှင် ၇ ဦးလောက်ပါဝင်ပြီး ရှေးဟောင်းအမွေအနှစ်တွေကို မပျက်စီးရအောင် စနစ်တကျ ဆောင်ရွက်နေတယ်လို့ Asia Peacoca ကုမ္မဏီက မန်နေဂျင်းဒါရိုက်တာ ကိုဇာနည်က ပြောပါတယ်။ ပဲခူးမြို့ ရှေးဟောင်းမြို့ရိုးတူးဖော်တာကို ကျပ်သန်းပေါင်း ၁၈၀ ဒသမ ၂၂၆ သန်းနဲ့ ကျုံး ပတ်လမ်း တူးဖော်တာအတွက် ကျပ်သန်းပေါင်း ၁၈၅ ဒသမ ၇၅ သန်းကို တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေကနေ အကုန်ကျခံ သုံးစွဲထားတယ်လို့ သိရပါတယ်။ အောင်စိုးမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024