လူ ၂၃ ဦး သေဆုံးခဲ့သည့် လေဆင်နှာမောင်းဒဏ်သင့် အလာဘားမားကို သမ္မတထရမ့် သွားရောက်

လူ ၂၃ ဦး သေဆုံးခဲ့ရတဲ့ လေဆင်နှာမောင်းဒဏ်သင့် အလာဘားမားပြည်နယ် အရှေ့ပိုင်း ဒေသတွေကို မတ် ၈ ရက်နေ့က အမေရိကန် သမ္မတ ထရမ့်သွားရောက်ခဲ့ပါတယ်။ သမ္မတ ထရမ့်နဲ့ ဇနီးတို့ဟာ ရဟတ်ယာဉ်နဲ့ ဘေးဒဏ်သင့်ဒေသတွေကို ကြည်ရှုခဲ့ပါတယ်။ အဲဒီနောက် လေဆင်နှာမောင်းဒဏ်  အပြင်းထန်ဆုံး ထိခိုက်ခဲ့တဲ့ ဘိုးဂတ်- ကောင်တီနေအိမ်တွေကို သွားရောက်ခဲ့ပါတယ်။ အဲဒီနောက် အိုပယ်လိုက်ကာမြို့ ဘုရားကျောင်းရှိ ကယ်ဆယ်ရေးစခန်းကို သွားပြီး အသက်ရှင် ကျန်ရစ်သူတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ ကယ်ဆယ်ရေးသမားတွေ တွေ့ဆုံပါတယ်။ ဘိုးဂတ်ကောင်တီမှာ လေဆင်နှာမောင်းကြောင့် လေတိုက်နှုန်း တနာရီ ၂၆၄ ကီလိုမီတာ ရှိခဲ့ပြီး လူပေါင်းဒါဇင်နဲ့ချီ ဒဏ်ရာရကာ အိမ်ခြေ ၁၀၀ ၀န်းကျင် ပျက်စီးခဲ့ပါတယ်။ ၂၀၁၃- ခုနှစ် မေလကလည်း အိုကလာဟိုးမားပြည်နယ် မိုးမြို့မှာ လေဆင်နှာ်မောင်းကြောင့် ၂၄ ယောက် သေဆုံးပြီး ၃၇၅ ယောက် သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up