ပါကစ္စတန်မြေပေါ်ကနေ တခြားနိုင်ငံကို တိုက်ခိုက်တာ ခွင့်မပြုဟု ၀န်ကြီးချုပ်ပြော

ပါကစ္စတန်မြေပေါ်ကနေ တခြားနိုင်ငံကို တိုက်ခိုက်တာတွေ လုပ်ဆောင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ၀န်ကြီးချုပ် အီမရန်ခန်းက မတ်လ ၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါဟာ အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ကို ဖြိုခွင်းခဲ့တယ်လို့ ပါကစ္စတန်အစိုးရကကြေညာပြီး ရက်ပိုင်းအကြာမှာ နိုင်ငံတောင်ပိုင်း လူထုစည်းဝေးပွဲအတွင်း  ၀န်ကြီးချုပ်ခန်းက “တည်ငြိမ်အေးချမ်းတဲ့ ပါကစ္စတန်နိုင်ငံ ထူထောင်ဖို့ ပြင်းပြတဲ့ ဆန္ဒရှိတယ်” လို့ ပြောကြားခဲ့တာပါ။ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့ အစ္စလာမ္မစ်အဖွဲ့တွေကို လက်သင့်ခံ ထားတဲ့အတွက် ပါကစ္စတန်ဟာ နိုင်ငံတကာဖိအားပေးမှုကို ရင်ဆိုင်နေရပါတယ်။ ဒီအတွက်  မတ်လ ၄ ရက်နေ့မှာ စစ်သွေးကြွတွေကို ဖြိုခွင်းခဲ့တယ်လို့ ပါကစ္စတန်က ကြေညာပါတယ်။ မတ် ၇ ရက်နေ့ကလည်း တားမြစ်အဖွဲ့အစည်းတွေ ဦးစီးတဲ့ ဘာသာရေးကျောင်း ၁၈၂ ကျောင်းကို ဖမ်းဆီးပြီး လူပေါင်း ၁၂၀ ကျော်ကို ထိန်းသိမ်းခဲ့ပါတယ်။ ဒီလိုဖြိုခွင်းတာဟာ ရေရှည်စီမံကိန်း တစိတ်တဒေသ ဖြစ်ပြီး အိန္ဒိယရဲ့ ဒေါသကို တုံ့ပြန်တာ မဟုတ်ဘူးလို့ ပါကစ္စတန်တာဝန်ရှိသူတွေက ပြောပါတယ်။ ပါကစ္စတန်နဲ့ အိန္ဒိယ နှစ်နိုင်ငံဟာ လွတ်လပ်ရေး ရပြီးကတည်းက စစ်ပွဲ ၃ ကြိမ်ဖြစ်ခဲ့ပြီး နှစ်ကြိမ်ဟာ ကတ်ရှ်မီးယား အရေးကိစ္စနဲ့ ဖြစ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up