Live
Home
မြန်မာသတင်း
မိတ္ထီလာတွင် ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် ဂျပန်စစ်သည်အရိုးစုကို မီးသင်္ဂြိုဟ်
DVB
·
March 9, 2019
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မြင်တော်ကန်သုဿန်မှာ ဒုတိယကမ္ဘာစစ်အတွင်းက ကျဆုံးခဲ့တဲ့ ဂျပန်စစ်သည် အရိုးစုကို  ဂျပန်စစ်သည် အရိုးစုရှာဖွေရေးအဖွဲ့က မတ် ၈ ရက်နေ့မှာ ဂါရ၀ပြု မီးသင်္ဂြိုဟ်ခဲ့ပါတယ်။ ၂၀၁၉ ဖေဖော်ဝါရီလက အင်းပက်လက်ရွာတွင် အိမ်သာကျင်းတူးချိန် ကျဆုံးဂျပန်စစ်သည် အရိုးစုနဲ့ သံချေးတက်နေတဲ့ ဓား ၁ ချောင်း၊ ပစ္စတိုသေနတ် ၁ လက် တို့ တွေ့ရှိခဲ့ပါတယ်။ ဓားနဲ့သေနတ်တို့ကို သက်ဆိုင်ရာကိုအပ်နှံပြီး ကျဆုံးဂျပန်စစ်သည် အရိုးစုကို မိတ္ထီလာစည်ပင်အဖွဲ့ထံ အပ်ခဲ့ပြီး အဲဒီအရိုးစုကို ဂါရဝပြုမီးသင်္ဂြိုဟ်ခဲ့တာပါ။ ဂါရဝပြုမီးသဂြိုဟ်ရာမှာ ဂျပန်စစ်သည်အရိုးစုရှာဖွေရေးအဖွဲ့ကို စည်ပင်အဖွဲ့နဲ့ ဌာနဆိုင်ရာတွေက ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ မိတ္ထီလာစည်ပင်ကော်မတီဥက္ကဋ္ဌ ဆရာမကြီးဒေါ်နီလာဝင်းက "အင်ပက်လက်ရွာကတွေ့တဲ့ ကျဆုံးဂျပန်စစ်သည် အရိုးစုကို ဂျပန်တွေနဲ့အတူ မီးသင်္ဂြိုဟ်ပေးလိုက်တယ်။ ဂျပန် ၆ ယောက်လာတယ်။ စကားပြန်တွေလည်းပါတယ်။ အရိုးစုက အပြည့်အစုံ မဟုတ်သေးတော့ ထပ်ရှာနေတယ်။ မတ်လ ၅ ရက် လောက်ကတည်းက ဂျပန်အဖွဲ့တွေ မိတ္ထီလာရောက်နေတာပါ” လို့ ပြောပါတယ်။ သတင်း-မောင်မောင်လင်း

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024