ရက်ပိုင်းအတွင်း ကြည့်ရှုသူ ၈ သန်းကျော်သွားသည့် စူပါဟီးရိုးရုပ်ရှင် Shazam! (နမူနာ)

ဟောလိဝုဒ် နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ Warner Bros. က ထုတ်လုပ်တဲ့ စူပါဟီးရိုးရုပ်ရှင်ကား Shazam! Trailer အသစ်ဟာ ထွက်ရှိလာပြီး ရက်ပိုင်းအတွင်း ယူကျုပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၈ သန်းကျော် ရှိနေပါတယ်။ ဒီကားဟာ DC ရုပ်ပြဇာတ်လမ်းတွဲတွေထဲက နာမည်ကြီး လူစွမ်းကောင်းဇာတ်ကောင် Shazam အကြောင်းကို ဆွီဒင် ရုပ်ရှင်ဒါရိုက်တာ David F. Sandberg က ပုံဖော် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ အသက် ၁၄ နှစ်အရွယ် လူငယ်လေးတယောက်က “Shazam” ဆိုတဲ့ စကားလုံးကို အော်ဟစ်လိုက်ချိန်မှာ အင်အားကြီးတဲ့ လူစွမ်းကောင်းတယောက်အဖြစ် ပြောင်းလဲသွားပုံကို အဓိက ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ Shazam ဆိုတဲ့ စကားလုံးဟာ စွမ်းအားမြင့်တဲ့၊ အင်အားပါဝါကြီးတဲ့ နတ်ဘုရားတွေဖြစ်ကြတဲ့ Solomon၊ Hercules၊ Atlas၊ Zeus၊ Achilles နဲ့ Mercury တို့ရဲ့ ရှေ့က အက္ခရာတွေကို ယူထားတာဖြစ်ပြီး အဲဒီစကားလုံးကို အော်ဟစ်လိုက်ချိန်မှာ လူငယ်လေး ဘီလီဘတ်ဆန်ဟာ အရွယ်ရောက်ပြီး လူစွမ်းကောင်းတယောက်အဖြစ် ပုံပြောင်းသွားတာကို ပရိသတ်တွေ စွန့်စားမှုဇာတ်ဝင်ခန်းတွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲက အဓိကဇာတ်ကောင် ဆယ်ကျော်သက်ကောင်လေး ဘီလီဘတ်ဆန်နဲ့ Shazam နေရာမှာတော့ အမေရိကန် ကလေးသရုပ်ဆောင် Asher Angel နဲ့ Zachary Levi တို့က ခေါင်းဆောင်ပါဝင်ထားကြပြီး တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ ဗြိတိန်မင်းသား Mark Strong၊ အမေရိကန် သရုပ်ဆောင်မင်းသမီး Grace Fulton နဲ့ ကလေးသရုပ်ဆောင် Jack Dylan Grazer တို့ကလည်း ပါဝင်ထားကြတာပါ။ ဒီကားထဲမှာပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကိုကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဒီကားကိုတော့ ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၈၀ နဲ့ ၉၀ ကြား အကုန်အကျခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၃၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဧပြီ ၅ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up