၂၀၁၃ ခုနှစ်တွင် လွတ်လပ်သည့် ဗဟိုဘဏ် ဖြစ်လာမည်
DVB
·
October 8, 2012
လက်ရှိ ဘဏ္ဍာအခွန်ဝန်ကြီးလက်အောက်မှာ ရောက်နေတဲ့ ဗဟိုဘဏ်အနေနဲ့ သီးခြားလွတ်လပ်စွာ ရပ်တည်တဲ့ ဗဟိုဘဏ်ဖြစ်လာဖို့ ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် ၂၀၁၃ ခုနှစ်အတွင်း လွတ်လပ်တဲ့ ဗဟိုဘဏ်ဖြစ်လာနိုင်တယ်လို့ ကမ္ဘောဇဘဏ် ဒု - ဥက္ကဋ္ဌ ဦးသန်းလွင်က ဒီဗွီဘီကို ပြောပါတယ်။
ဗဟိုဘဏ်အနေနဲ့ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတခုဖြစ်လာဖို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)ရဲ့ အကြံပြုချက်တွေ ရယူနေသလို စင်ကာပူဘဏ် တချို့နဲ့လည်း နီးနီးကပ်ကပ် ဆက်သွယ်ဆောင်ရွက်နေကြောင်း၊ အရင်က ဗဟိုဘဏ်မှာ ဌာနကြီး ၈ ခုရှိရာကနေ ၄ ခုတိုးချဲ့ပြီး လက်ရှိ ၁၂ ခုအထိ ရှိလာပြီဖြစ်ကြောင်းလည်း သိရပါတယ်။
သီးခြားလွတ်လပ်တဲ့ ဗဟိုဘဏ်ဖြစ်ရေးဥပဒေ ရေးဆွဲနေပြီဖြစ်သလို လွှတ်တော်မှာ တင်ပြ ဆွေးနွေး အတည်ပြုပြီးရင်တော့ အကောင်အထည် ပေါ်လာမှာဖြစ်ကြောင်း ဦးသန်းလွင်က ရှင်းပြပါတယ်။