Live
Home
သတင်းတို
အာရှ- ဥရောပ နှီးနှောပွဲတွင် မြန်မာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြဿနာ တင်ပြမည်
DVB
·
October 8, 2012
အောက်တိုဘာ ၁၆ ကနေ ၁၉ ရက်နေ့အထိ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ကျင်းပမယ့် ၉ကြိမ်မြောက် အာရှ-ဥရောပ လူထုနှီးနှောဖလှယ်ပွဲမှာ လက်ရှိမြန်မာနိုင်ငံ ကြုံတွေ့နေရတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြဿနာတွေကို တင်ပြသွားမယ်လို့ အဲဒီပွဲကို တက်ရောက်မယ့် Gender Development Initiative က အမှုဆောင် ဒါရိုက်တာ ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။ မြစ်ဆုံ၊ ရေနက်စီမံကိန်းတွေနဲ့ လက်ပန်းတောင်းတောင် စီမံကိန်း စတာတွေဟာ စလုပ်ကတည်းက ပွင့်လင်းမြင်သာမှု ရှိပြီး နိုင်ငံအတွက် အကျိုးဘယ်လောက် ရှိမယ်ဆိုတာ ချပြခဲ့ရင် အခုလို ပြသနာတွေ မပေါ်နိုင်ကြောင်း၊ ဒါကြောင့် စီမံကိန်းတွေ လုပ်တဲ့အခါ နိုင်ငံအတွက် အကျိုးရှိမယ့်ဟာတွေကို အလေးထား ချိန်ထိုးပြီး လုပ်သင့်တယ်ဆိုတာ တင်ပြသွားမယ်လို့ အဲဒီပွဲကိုတက်ရောက်မယ့် ပြည်တွင်း အန်ဂျီအိုများကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ  ရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်တဲ့ တရုတ်နဲ့ ထိုင်းနိုင်ငံက အန်ဂျီအိုတွေလည်း အဲဒီပွဲကို တက်ရောက်မှာ ဖြစ်တဲ့အတွက် ဒါတွေ ပြောလိုက်ခြင်းအားဖြင့် သူတို့အနေနဲ့ သတိထားစရာ အချက်တွေ သိသွားနိုင်တယ်လို့ ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။ မြန်မာပြည်မှာ လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြဿနာတွေ အပြင်၊ ပြည်တွင်းငြိမ်းချမ်းရေး၊ သဘာပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုနဲ့ မြန်မာပြည်သူတွေ ရဲ့ လူမှုရေးဆိုင်ရာ လုံခြုံမှုကိစ္စတွေကိုပါ တင်ပြသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ အခု ၉ ကြိမ်မြောက် ကျင်းပတဲ့ အာရှ-ဥရောပ နှီးနှောဖလှယ်ပွဲမှာ မြန်မာနိုင်ငံက အန်ဂျီအိုတွေအနေနဲ့ ပထမဆုံးအကြိမ် ဆွေးနွေးခွင့်ရတာလို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024