ဆန္ဒပြမည့်ရက် ရွှေ့ဆိုင်းခိုင်း
DVB
·
October 8, 2012
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဗုဒ္ဓဘာသာ အဆောက်အဦတွေ၊ ရုပ်တုတွေ ဖျက်ဆီးခံနေရတာနဲ့ ပတ်သက်ပြီး စစ်တွေမြို့ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန် ရုံးရှေ့မှာ ဒီနေ့ ကန့်ကွက်ဆန္ဒပြဖို့ စီစဉ်ထားပေမယ့် ပြည်နယ်ရဲမင်းကြီးက ရက်ရွှေ့ဆိုင်းခိုင်းတာကြောင့် ဆန္ဒပြပွဲ မဖြစ်မြောက်သေးဘူးလို့ မရမာကြီး တိုင်းရင်းသားအဖွဲ့ဝင် ဦးမောင်နုက ပြောပါတယ်။
ဒီဆန္ဒပြပွဲကို ရခိုင်လူငယ် လူမှုကွန်ရက်၊ မရမာကြီး တိုင်းရင်းသားများအဖွဲ့တို့ ပူးပေါင်းစီစဉ်တာဖြစ်ပြီး ခွင့်ပြုချက်ရတဲ့နေ့မှာ ဆန္ဒပြပွဲကို လုပ်မယ်လို့ ပြောပါတယ်။
ရန်ကုန်မှာရှိတဲ့ ရခိုင်လူငယ် လူမှုကွန်ရက်အဖွဲ့၊ မရမာကြီး တိုင်းရင်းသားများအဖွဲ့ (ရန်ကုန်) နဲ့ သံဃာတော်များ ပါဝင်တဲ့ အဖွဲ့ကတော့ ဒီနေ့ နေ့လယ် ၁ နာရီကနေ ၃ နာရီအထိ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့မှာ ဆန္ဒဖော်ထုတ်ကြမှာ ဖြစ်ပါတယ်။