အသက်အငယ်ဆုံး ကိုယ်ထူးကိုယ်ချွန် ဘီလျံနာဖြစ်လာသည့် ကိုင်လီဂျန်နာ

ဓာတ်ပုံ - Instagram
Reality TV ရုပ်သံအစီအစဉ် တင်ဆက်သူ၊ မိတ်ကပ်ပညာရှင် ကိုင်လီဂျန်နာကို အမေရိကန်နိုင်ငံရဲ့ အသက်အငယ်ဆုံး ကိုယ်ထူးကိုယ်ချွန် ဘီလျံနာအဖြစ် ဖို့ဘ်စ် (Forbes) မဂ္ဂဇင်းက ကြေညာခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် ကိုင်လီဂျန်နာဟာ ၂၀၁၆ ခုနှစ်မှာ Kylie Cosmetics အလှကုန်ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး လက်ရှိမှာ အဲဒီကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ သန်း ၉၀၀ နီးပါး တန်ဖိုးရှိပါတယ်။ ကိုင်လီရဲ့ စုစုပေါင်း ချမ်းသာကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံရှိတယ်လို့  ဖို့ဘ်စ်မဂ္ဂဇင်းက ခန့်မှန်းခဲ့ပါတယ်။ ကလေးတယောက်မိခင်ဖြစ်တဲ့ ကိုင်လီဟာ အသက် ၂၃ နှစ်အရွယ်မှာ ဘီလျံနာဖြစ်လာတဲ့ ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မာ့ခ်ဇူကာဘတ်ရဲ့ စံချိန်ကိုလည်း ချိုးသွားခဲ့ပါတယ်။ လူမှုမီဒီယာ စာမျက်နှာတွေမှာလည်း လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ ကိုင်လီဟာ အင်စတာဂရမ်မှာ follower အများဆုံး ထိပ်တန်းအနုပညာရှင် ၁၀ ဦးထဲမှာလည်း ပါဝင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up