အချိန်ပိုသွင်းဂိုးဖြင့် ရိုးမားကိုနိုင်ပြီး ပေါ်တူ ချန်ပီယံလိဂ် ကွာတားတက် (ရုပ်သံဟိုက်လိုက်)
Published By
DVB | 7 March, 2019
1.6K
0
Share
0
Comment
0
Likes
VIDEO
ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ပေါ်တူဂီကလပ် ပေါ်တိုနဲ့ အီတလီကလပ် ရိုးမားတို့ မနေ့ညက ယှဉ်ပြိုင်ရာ ပေါ်တိုက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ပထမအကျော့ ရိုးမားကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ထားတဲ့ ပေါ်တိုအသင်းဟာ အခုပွဲ အနိုင်ရဖို့ ကြိုးစားကစားခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၃ ဂိုးနဲ့ ထိုက်ထိုက်တန်တန် အနိုင်ရကာ နောက်တဆင့် တက်ရောက်သွားတာပါ။
ပေါ်တိုဟာ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှုရာ ထိုးဖောက်ကန်သွင်းရာမှာပါ ရိုးမားအသင်းအပေါ် အပြတ် အသာရခဲ့ပါတယ်။
ပထမပိုင်း ၂၆ မိနစ်မှာ ပေါ်တိုအတွက် ဖရန်စစ္စကို ဆိုးရက်စ်က အဖွင့်ဂိုး သွင်းယူခဲ့ပေမယ့် ၃၇ မိနစ်မှာ ဒီရော့စီက ပယ်နယ်တီကတဆင့် ရိုးမားအတွက် ချေပဂိုး သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းမှာ တဂိုးစီ သရေကျခဲ့ပါတယ်။
ဒီ့နောက် ပွဲချိန် ၅၂ မိနစ်မှာ ပေါ်တိုအတွက် မာရီဂါက အနိုင်ဂိုးသွင်းယူနိုင်ခဲ့လို့ မိနစ် ၉၀ ပြည့်တဲ့အချိန်မှာ ပေါ်တို ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရတာပါ။
အချိန်ပို ဒုတိယပိုင်းမှာတော့ ပေါ်တိုအတွက် တဲလက်စ်က ပယ်နယ်တီကနေ အနိုင်ဂိုးသွင်းပြီး ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ ပေါ်တိုအတွက် ခြေစွမ်းပြပြီး အနိုင်ဂိုးတဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး မာရီဂါကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။