ချမ်းအေးသာစံ အ.ထ.က (၅)တွင် ၇၃ နှစ်အရွယ် အဘိုးအို စာမေးပွဲဖြေဆို
Aung Aung Naing
·
March 6, 2019
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း အမှတ် ၅ မှာ အသက် ၇၃ နှစ်အရွယ်ရှိ ဦးစိုင်းအောင်ညွန့်က ဒီမနက်က တက္ကသိုလ်တန်းဝင်မေးပွဲမှာ မြန်မာစာဘာသာရပ်ကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ပါတယ်။
နိုင်ငံခြားဘွဲ့နှင်းသဘင်တွေမှာ မကြာခဏ ဆိုသလို သက်ကြီးရွယ်အိုတွေ ဘွဲ့ယူနေကြတာကိုမြင်ပြီးအားကျမိတဲ့တွက် အသက် ၇၃နှစ်အရွယ် ဦးစိုင်းအောင်ညွန့်ဟာ အခုလို တက္ကသိုလ်ဝင် စာမေးပွဲကို ဖြေဆိုဖြစ်တာလို့ သိရပါတယ်။
ဦးစိုင်းအောင်ညွန့် လာရောက်ဖြေဆိုတဲ့ အ.ထ.က အမှတ် (၅) မှာ လာရောက်ဖြေဆိုသူ ၈၀၀ ရှိပြီး ဖြေဆိုဖို့ပျက်ကွက်သူ ၄၇ ယောက်ရှိပါတယ်။
မန္တလေးတိုင်းမှာ ပြီးခဲ့တဲ့နှစ်က တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ စာရင်းပေးသူပေါင်း ၁၁၆၈၁၉ ဦးရှိခဲ့ပြီး အခုနှစ်ပညာသင်နှစ်မှာတော့ ၁၂၃၆၁၈၁ ဦး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ စာရင်းပေးသွင်းထားကြပါတယ်။