မြန်မာ့ရွှေဈေး အနိမ့်ဆုံးနှင့် အမြင့်ဆုံးဈေးနှုန်း ကွာခြားချက် ကျပ် ၁ သိန်းကျော်အထိရှိ
ပိုင်စိုး
·
March 6, 2019
ပြီးခဲ့တဲ့ ၆ လအတွင်း မြန်မာ့ရွှေဈေးဟာ အနိမ့်ဆုံးနဲ့ အမြင့်ဆုံးဈေးနှုန်း ကွာခြားချက် ကျပ် ၁၁၀,၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းရဲ့ အချက်အလက်တွေအရ သိရပါတယ်။
၂၀၁၈ စက်တင်ဘာလကနေ အခု ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအထိ ဖြစ်ခဲ့တဲ့ ဈေးနှုန်းတွေကို အခြေခံ တွက်ချက်ထားတာပါ။
၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ မြန်မာ့ရွှေဈေးဟာ အနိမ့်ဆုံး ၉၇၀,၀၀၀ ကျပ်အထိ ဖြစ်ခဲ့ပြီး ၂၀၁၉ ဖေဖော်ဝါရီလထဲမှာတော့ ကျပ် ၁၀၅,၈၄၀၀ အထိ ရှိခဲ့ပါတယ်။ ဒါကြောင့် အနိမ့်ဆုံးဈေးနှုန်းကွာခြားချက်က ၈၈,၄၀၀ ကျပ် ဖြစ်ပါတယ်။
အမြင့်ဆုံးဈေးနှုန်းတွေကတော့ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ ကျပ် ၁,၀၀၃,၀၀၀ ရှိပြီး ၂၀၁၉ ဖေဖော်ဝါရီလထဲမှာတော့ ၁,၀၈၈,၂၀၀ ရှိတာကြောင့် ကွာခြားချက်က ၈၅,၂၀၀ ကျပ်ဖြစ်ပါတယ်။ ဒါကြောင့် အနိမ့်ဆုံးနဲ့ အမြင့်ဆုံးဈေးတွေအရ ဒီ ၆ လအတွင်းမှာ ပြည်တွင်းရွှေဈေးဟာ ၁၁၈,၂၀၀ ကျပ် တက်လာတဲ့သဘောလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေးကတော့ ၂၀၁၈ စက်တင်ဘာမှာ အနိမ့်ဆုံး ၁၁၈၃ ဒေါ်လာဖြစ်ပြီး ၂၀၁၉ ဖေဖော်ဝါရီမှာ အမြင့်ဆုံး ၁၃၄၂ အထိ ဖြစ်ခဲ့လို့ ကွာခြားချက်က ၁၅၉ ဒေါ်လာရှိပါတယ်။
ပြည်တွင်းငွေလဲနှုန်းကတော့ တဒေါ်လာကို ၁၅၁၅ ကျပ်အနိမ့်ဆုံးဖြစ်ခဲ့ပြီး အမြင့်ဆုံး ၁၆၁၅ ကျပ် ဖြစ်ပါတယ်။ ဒေါ်လာဈေးကတော့ ပြီးခဲ့တဲ့ စက်တင်ဘာထဲမှာ အမြင့်ဆုံးဖြစ်ခဲ့ပြီး တဖြည်းဖြည်း ကျလာလို့ ၂၀၁၉ ဖေဖော်ဝါရီမှာ အနိမ့်ဆုံးဖြစ်ခဲ့တာပါ။