အိန္ဒိယရေငုပ်သင်္ဘော မဝင်အောင် တားခဲ့ဟု ပါကစ္စတန်ရေတပ် ထုတ်ပြန်

ဓာတ်ပုံ - ANI
ပါကစ္စတန် ရေပိုင်နက်အတွင်း အိန္ဒိယရေငုပ်သင်္ဘော မဝင်အောင် တားခဲ့တယ်လို့ ပါကစ္စတန်ရေတပ်က မတ်လ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ထောက်လှမ်းရရှိတဲ့ အိန္ဒိယရေငုပ်သင်္ဘောရဲ့ ရုပ်သံကို ပါကစ္စတန်ရေတပ်က ထုတ်လွှင့် ပြသခဲ့ပါတယ်။ ရေတပ် သတင်းထုတ်ပြန်ချက်ထဲမှာ အိန္ဒိယရေငုပ်သင်္ဘောကို မတိုက်ခိုက်ဘဲ ပါကစ္စတန်ရေပိုင်နက်ထဲ ဆက်မဝင်ဖို့ အောင်အောင်မြင်မြင် တားဆီးနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ပါကစ္စတန်ရဲ့ ငြိမ်းချမ်းရေး အမှတ်လက္ခဏာကနေ အိန္ဒိယဟာ သင်ခန်းစာယူသင့်ပြီး ငြိမ်းချမ်းရေးလမ်းစဉ်ကို ပြန်လိုက်နာသင့်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။ နျူလက်နက်ပိုင်ဆိုင်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်အကြား တင်းမာမှုတွေ မြင့်တက်ချိန်မှာ အခုလို အိန္ဒိယရေငုပ်သင်္ဘောကို ပါကစ္စတန် ရေပိုက်နက်အတွင်း မဝင်အောင် တားဆီးတဲ့ဖြစ်ရပ် ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up