Homeသတင်းဓာတ်ပုံ
စာမေးပွဲဖြေရန် ကျောင်းမှားရောက်လာသည့် ကျောင်းသူကျောင်းသားများကို ယာဉ်ထိန်းရဲလိုက်ပို့
စာမေးပွဲဖြေရန် ကျောင်းမှားရောက်လာသည့် ကျောင်းသူကျောင်းသားများကို ယာဉ်ထိန်းရဲလိုက်ပို့
DVB
·
March 6, 2019
တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုဖို့ ကျောင်းမှားပြီး ရောက်လာတဲ့ ကျောင်းသား ကျောင်းသူတွေကို ယာဉ်ထိန်းရဲတွေက ဆိုင်ကယ်တွေနဲ့ သက်ဆိုင်ရာကျောင်းကို လိုက်ပို့ပေးခဲ့ပါတယ်။
ဒီနေ့စတင်ဖြေဆိုနေတဲ့ တက္ကသိုလ်ဝင်စာမေးပွဲပထမရက်မှာ စမ်းချောင်းမြို့နယ် အ.ထ.က (၂)ကို ကျောင်းသားတယောက်က မှားရောက်လာတာဖြစ်ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့စု ၄၂ က တပ်ဖွဲ့ဝင်တွေက အချိန်မီ စာမေးပွဲဖြေဆိုနိုင်ဖို့ သူဖြေဆိုရမယ့် ကျောင်းကို မီးတန်းဆိုင်ကယ်နဲ့ လိုက်ပို့ပေးခဲ့တယ်လို့ ယာဉ်ထိမ်းရဲတပ်ဖွဲ့က ဆိုပါတယ်။
ဒါ့အပြင် ကြည့်မြင်တိုင် အ.ထ.က (၂) မှာ စာမေးပွဲဖြေရမယ့် ကျောင်းသူ ၂ ယောက်ဟာ လည်း ကြည့်မြင်တိုင် အ.ထ.က (၁) ကိုမှားရောက်လာတာကြောင့် ကျောင်းရှေ့မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေက မီးတန်းကားနဲ့ လိုက်ပို့ခဲ့တယ်လို့လည်းဆိုပါတယ်။
ဓာတ်ပုံ - Yangon Traffic Police