ဟယ်ရီကိန်း၏ သွင်းဂိုးဖြင့် ဒေါ့မွန်ကိုနိုင်ပြီး စပါးအသင်း ချန်ပီယံလိဂ်ကွာတားတက် (ရုပ်သံဟိုက်လိုက်)

1.7K
ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဒေါ့မွန်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ မနေ့ညက ယှဉ်ပြိုင်ရာ စပါးက ၁ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး နောက်တဆင့် တက်ရောက်သွားပါတယ်။
ပထမအကျော့ စပါးကွင်းမှာ ယှဉ်ပြိုင်ခဲ့စဉ်ကလည်း အိမ်ရှင်အသင်းကပဲ သုံးဂိုးပြတ်နဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် လေးဂိုး ဂိုးမရှိနဲ့နိုင်ပြီး စပါးအသင်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်သွားတာပါ။
ဒီပွဲမှာ နှစ်သင်းစလုံး အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ခဲ့ပြီး အိမ်ရှင် စပါးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာ၊ ထိုးဖောက်ကန်သွင်းခွင့် အသာစီးရခဲ့ပါတယ်။
စပါးအသင်းကတော့ ပထမအကျော့က ဂိုးပြတ်နိုင်ထားတဲ့အတွက် ဒီနေ့ပွဲမှာ ဒေါ့မွန်တိုက်စစ်ကို ထိန်းရင်း တန်ပြန်တိုက်စစ်ကနေသာ ဂိုးရဖို့ ကြိုးစားခဲ့တာပါ။
စပါးအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၄၉ မိနစ်မှာ တိုက်စစ်မှူး ဟယ်ရီကိန်းက အပြင်းကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။
ဒီနေ့ပွဲမှာ ဒေါ့မွန်အသင်းရဲ့ ထိုးဖောက် တိုက်စစ်ဆင် ကန်သွင်းချက်တွေကို လက်စွမ်းပြပြီး အကောင်းဆုံး ကာကွယ်နိုင်ခဲ့တဲ့ စပါးဂိုးသမား ဟူဂိုလိုရစ်ကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။