သမ္မတဦးသိန်းစိန် တောင်ကိုရီးယား ချစ်ကြည်ရေးခရီး သွားမည်
DVB
·
October 5, 2012
သမ္မတဦးသိန်းစိန်ဟာ လာမယ့်သီတင်းပတ်အတွင်း တောင်ကိုရီးယားနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်လည်ပတ်မယ်လို့ မြန်မာပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
တောင်ကိုရီးယားသမ္မတ လီမြောင်ဘက်ရဲ့ ဖိတ်ကြားချက်အရ သွားရောက်မှာလို့ ဖော်ပြထားပြီး ခရီးစဉ် အသေးစိတ်ကိုတော့ ဖော်ပြခြင်းမရှိပါဘူး။
[caption id="attachment_31640" align="alignleft" width="258" caption="သမ္မတ ဦးသိန်းစိန်နဲ့ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ် (ဓာတ်ပုံ- ရိုက်တာ)"][/caption]
တောင်ကိုရီးယား ယွမ်ဟတ်သတင်းမှာတော့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ အောက်တိုဘာ ၈ ရက်နေ့ကနေ ၁၀ ရက်ထိ တောင်ကိုရီးယားနိုင်ငံကို လာရောက်မှာဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်တွေအကြား စီးပွားရေးနဲ့ ဒေသတွင်းကိစ္စတွေ ဆွေးနွေး ဖို့ ရှိတယ်လို့ ဖော်ပြထားပါတယ်။
တောင်ကိုရီးယား သမ္မတ လီမြောက်ဘက်ဟာ ပြီးခဲ့တဲ့ မေလက မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပြီးနောက် အပြန်အလှန်အားဖြင့် သမ္မတဦးသိန်းစိန်ကို တောင်ကိုရီးယားကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားထားတာ ဖြစ်ပါတယ်။