မြောက်ကိုရီးယား နျူကလီးယား သဘောတူညီချက် မျှော်လင့်ချက်ရှိဟု ကန်နိုင်ငံခြားရေးဝန်ကြီး ပြော

909
မြောက်ကိုရီးယား နျူကလီးယား သဘောတူညီချက်နဲ့ ပတ်သက်လို့ ခရီးမတွင်ခဲ့ပေမယ့် မျှော်လင့်ချက်ရှိပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက မတ်လ ၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။
အိုင်အိုဝါပြည်နယ် ဒီမွိုင်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောလိုက်တာပါ။
“မြောက်ကိုရီးယားကို အုပ်ချုပ်နေတဲ့ပုံစံဟာ နောင်အနှစ် ၂၀၊ ၃၀ ရေရှည်တည်တံ့မယ့်ပုံစံ မဟုတ်ပါဘူး။ ဥက္ကဋ္ဌ ကင်အနေနဲ့ ဗျူဟာမြောက် ဆုံးဖြတ်ချက်ချဖို့ လိုပါလိမ့်မယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ အမေရိကန် နိုင်ငံခြားရေးဌာန DOD အဖွဲ့က ကြိုးပမ်းခဲ့ပေမယ့် ထိပ်သီးဆွေးနွေးပွဲဟာ ခရီးမတွင်ခဲ့ပါဘူး။ ပြန်ညှိနှိုင်းမယ့် ကတိကဝတ်တွေ မရှိသေးပေမယ့် မျှော်လင့်ချက်ရှိပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောပါတယ်။
မြောက်ကိုရီးယား တောင်းဆိုချက်တွေဟာ လက်ခံနိုင်စရာ မရှိတာကြောင့် သမ္မတ ထရမ့်က ထိပ်သီးဆွေးနွေးပွဲကနေ ရှောင်ထွက်သွားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။