သာကေတ စက်မှုဇုန်မီးလောင်
DVB
·
March 5, 2019
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် စက်မှုဇုန်၊ မြန်မာ့ဂုဏ်ရည်လမ်းမှာ ထရန်စဖော်မာ မီးလောင်မှု ဒီကနေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်း ထုတ်ပါတယ်။
မတ်လ ၅ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ လောက်က သာကေတစက်မှုဇုန်မှာ မီးလောင်တယ်လို့ သတင်းရလို့ မြို့နယ်မီးသတ်တပ်ဖွဲ့က မီးသတ်ကားတွေ သွားရောက် မီးငြှိမ်းသတ်ခဲ့ရာမှာ မွန်းလွဲ ၁၂ နာရီ ၄၄ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။
မီးလောင်မှုနဲ့ ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေကိုတော့ အသေးစိတ်မသိရ သေးပါဘူး။