ပါကစ္စတန်-အိန္ဒိယနယ်စပ် မြင်ကွင်းတွေနဲ့ ရှုစားရမည့် အက်ရှင်ရုပ်ရှင် – The Wedding Guest (နမူနာ)

သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ Action Thriller အမျိုးအစားရုပ်ရှင် ပရိသတ်တွေ နှစ်သက်ကြမယ့် The Wedding Guest ရုပ်ရှင်ကားကို မတ်လ ၁ ရက်နေ့ကတည်းက ရုံတင်ပြသနေပါတယ်။ ဒီကားကိုတော့ ဗြိတိန်ရုပ်ရှင်ဒါရိုက်တာ Michael Winterbottom က သူကိုယ်တိုင် ဇာတ်ညွှန်းခွဲပြီး ကိုယ်တိုင်ပုံဖော် ရိုက်ကူးထားတာဖြစ်ပြီး IFC Films က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲက Jay ဟာ ဗြိတိန်ကနေ ပါကစ္စတန်နိုင်ငံနဲ့ အိန္ဒိယဆီ မင်္ဂလာပွဲတခု တက်ရောက်ဖို့ လျှို့ဝှက်ရောက်လာသူတယောက်ပါ။ သူ့ဆီမှာတော့ လက်နက်တချို့နဲ့အတူ မင်္ဂလာပွဲက သတို့သမီးကို ပြန်ပေးဆွဲဖို့ အကြံအစည် ပါလာခဲ့ပါတယ်။ ခုလို ဘာကြောင့်လုပ်ရတာလဲ၊ ဒီအစီအစဉ်ကရော အောင်မြင်နိုင်ပါ့မလား ဆိုတာတွေကို နယ်စပ်ဒေသတလျှောက် ရှုခင်းတွေကြား ပြေးပြေးလွှားလွှား အက်ရှင်ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ပရိသတ်တွေ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto International Film Festival မှာ ကနဦးပြသခဲ့တာဖြစ်ပြီး IMDb မှာတော့ Rating 5.9 အထိ ရရှိထားပါတယ်။ ဒီကားထဲမှာတော့ အိန္ဒိယ သရုပ်ဆောင်မင်းသား Dev Patel၊ သရုပ်ဆောင်မင်းသမီး Radhika Apte တို့က အဓိသရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၉၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ကြည့်ရှုမယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up