ပြည်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကာလ ကေတီဗွီနှင့်အရက်ဆိုင်များ အချိန်ကန့်သတ်
မင်းညို
·
March 4, 2019
ပြည်မြို့မှာ တက္ကသိုလ်ဝင်စာမေးပွဲ မတိုင်ခင်နဲ့ စာမေးပွဲပြီးတဲ့အချိန်အထိ ကေတီဗွီ တွေ၊ အရက်ဆိုင်တွေကို အချိန်ကန့်သတ်ပြီး ဖွင့်ဖို့ ပြည်မြို့နယ်ထွေအုပ်က အမိန့်ထုတ်ထားပါတယ်။
အထွေထွေအုပ်ရေးဦးစီးဌာန ပြည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်က “အခုလာမယ့် မတ်လ ၆ ရက်နေ့မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ စတင်ဖြေဆိုကြရမှာပါ။ အဲဒီရက်တွေမှာ ပြည်မြို့နယ်အတွင်းမှာရှိတဲ့ KTV ဆိုင်တွေနဲ့ အရက်ဆိုင်တွေကို ညဘက် အချိန်ကန့်သတ်ထား တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ကလည်း စာမေးပွဲကာလအတွင်းမှာ အသံချဲ့စက်တွေ အသုံးမပြုဖို့နဲ့ ရပ်ကွက် အတွင်း ဆူညံတာတွေ မလုပ်ဖို့အတွက်နဲ့ မလိုက်နာရင် အရေးယူဖို့ အမိန့်တခု ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။
ပြည်မြို့နယ်အတွင်မှာ အထက ၁၊ ၂၊ ၃၊ ၄၊ ၅၊ အထက ၀က်ထီးကန်၊ အထက၊ ပေါင်းတလည်ဆိုပြီး စာစစ်ဋ္ဌာန ၇ ခုရှိပြီး ဖြေဆိုဖို့ စာရင်းသွင်းထားတဲ့ အတွင်းဖြေ ၂၉၁၆ ယောက်နဲ့ အပြင်ဖြေ ၁၆၆၈ ယောက်၊ စုစုပေါင်း ၄၅၈၄ ယောက်ရှိပါတယ်။
နိုင်ငံတ၀န်း တက္ကသိုလ်ဝင်စာမေးပွဲတွေကို လာမယ့် မတ် ၆ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကျင်းပမှာပါ။