နောက်ပြန်ကန်ချက်ဖြင့် ဂိုးသွင်းယူပြီးနောက် ဗွီဒီယိုရိုက် အောင်ပွဲခံခဲ့သည့် ဘာလော့တယ်လီ

မာဆေးတိုက်စစ်မှူး ဘာလော့တယ်လီဟာ နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းယူပြီးနောက် ကင်မရာသမားဆီက ဖုန်းယူပြီး အောင်ပွဲခံတဲ့ ဗွီဒီယိုကို အင်စတာဂရမ်ပေါ်မှာ တခါတည်းတင်ခဲ့ပါတယ်။ အီတလီတိုက်စစ်မှူး ဘာလော့တယ်လီဟာ ပွဲချိန် ၁၂ မိနစ်မှာပဲ သအူဗင်ရဲ့ ထောင့်ကန်ဘောကနေ နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းနိုင်ခဲ့တာပါ။ ဂိုးသွင်းယူအပြီးမှာ ဂိုးတိုင်အနောက်က ကင်မရာသမားဆီ ချက်ချင်းပြေးသွားပြီး သူ့ရဲ့ဖုန်းကိုယူကာ အောင်ပွဲခံတာတွေကို ဗွီဒီယိုရိုက်ပြီး အင်စတာဂရမ်ပေါ် တင်ခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ မာဆေးအသင်းက စိန့်အက်တီယန်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ဘာလော့တယ်လီအနေနဲ့ ဂိုးသွင်းယူနိုင်ခဲ့ရင် ဗွီဒီယိုရိုက်ပြီး အင်စတာဂရမ်ပေါ်တင်ကာ အောင်ပွဲခံဖို့ ကြိုတင်ပြင်ဆင်ထားခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ အင်စတာဂရမ်အကောင့်မှာ ပရိသတ် ၈ ဒသမ ၃ သန်းရှိပြီး သူ့ရဲ့ ထူးခြားတဲ့ အောင်ပွဲခံမှုကို ပရိသတ်တွေက သဘောကျခဲ့ကြပါတယ်။ ဂိုးသွင်းယူအပြီးမှာ ကွင်းဘေးက ဖုန်းယူပြီး ဓာတ်ပုံနဲ့ ဗွီဒီယိုရိုက်ပြီး အောက်ပွဲခံခဲ့တဲ့ပုံစံကို ဘာလော့တယ်လီ ပထမဆုံးလုပ်ဆောင်တာတော့ မဟုတ်ပါဘူး။ အီတလီနဲ့ ရိုးမားတိုက်စစ်မှူးဟောင်း တော့တီလည်း ဂိုးသွင်းယူအပြီးမှာ အလားတူ အောင်ပွဲခံခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up