လက်ပန်းတောင်းတောင်တွင် ပြည်သူ့ညီလာခံ ပြုလုပ်မည်
DVB
·
October 5, 2012
လာမယ့် အောက်တိုဘာ လ လယ် မှာ လက်ရှိ ပြသနာဖြစ်ပွားနေတဲ့ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် စီမံကိန်း ဧရိယာမှာ ပြည်သူ့ညီလာခံကြီးတခု ပြုလုပ်မယ်လို့ ဦးဆောင်စီစဉ်နေသူ တဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား မိသားစု အကျိုးဆောင်ကွန်ရက် အဖွဲ့ဝင် ကိုဟန်ဝင်းအောင်က ပြောပါတယ်။
ဒီပွဲကို အလုပ်သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂ၊ ကျောင်းသားသမဂ္ဂ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေ၊ ဥပဒေပညာရှင်တွေ၊ သာသနာရေးဆိုင်ရာ အဖွဲ့တွေနဲ့ အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့ ပြောပါတယ်။
ပြည်သူ့ညီလာခံ လုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ရှိတဲ့ လယ်သမားတွေအနေနဲ့ လယ် ယာလုပ်ပိုင်ခွင့် လွတ်လွတ်လပ်လပ် မရှိတာကို မီးမောင်းထိုးပြဖို့ ရည်ရွယ်တယ်လို့ ရှင်းပြပါတယ်။