ဘူဆန်မြို့ရှိ တံတားတစင်းကို ရုရှားကုန်တင်သင်္ဘော ဝင်တိုက် (ရုပ်သံ)

ရုရှား ကုန်တင်သင်္ဘောတစီးက တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာရှိတဲ့ တံတားတစင်းကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဝင်တိုက်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဒီမတော်တဆဖြစ်ရပ်ကြောင့် တံတားရော သင်္ဘောပါ ဆိုးဆိုးရွားရွား ပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။ မတော်တဆမှု ဖြစ်ပြီးနောက် တံတားပေါ် ယာဉ်တွေ ဖြတ်သန်းသွားလာတာကို ပိတ်ပစ်ခဲ့ပြီး သင်္ဘောရဲ့ အခြေအနေကိုတော့ အခုထိ မသိရသေးပါဘူး။ ဒီမတော်တဆမှုနဲ့ ပတ်သက်တဲ့ ဗွီဒီယိုဖိုင်တွေ ပေါ်ထွက်လာပေမယ့် လက်ရှိအချိန်အထိတော့ ဘာ့ကြောင့် ဒီလိုဝင်တိုက်ခဲ့ရသလဲ ဆိုတာနဲ့ သင်္ဘောဝင်တိုက်မှုကြောင့် တံတားပေါ်က တစုံတဦး ဒဏ်ရာရရှိသွားလားဆိုတာ မသိရသေးပါဘူး။ နောက်ဆက်တွဲ ထွက်ပေါ်လာတဲ့ သတင်းတွေအရ SEAGRAND သင်္ဘောဟာ ရုရှားနိုင်ငံ ဗယ်ဒီဗိုစတော့ကို ဦးတည်သွားနေတာဖြစ်ပြီး သင်္ဘောပေါ်မှာ စတီးခွေတွေ တင်ဆောင်ထားတယ်လို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up