ပြည်သူ့အာဏာ အပြည့်အဝရရှိရေး ၂၀၀၈ဖွဲ့စည်းပုံကိုပြင်ဆင်ရန် တံတားဦးမြို့၌ဆန္ဒပြ
Aung Aung Naing
·
March 4, 2019
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် တံတားဦးမြို့မှာ ဒီကနေ့မနက်က ကျင်းပပြီး ဖွဲ့စည်းပုံ ပြင်ဖို့အတွက် ဆန္ဒပြ တောင်းဆိုလိုက်ပါတယ်။
ဆန္ဒပြသူတွေဟာ “ပြည်သူ့အကျိုးမရှိတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဒို့အရေး၊ စစ်အစိုးရ တဖက်သတ်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဒို့အရေး၊ ပြည်သူ့အာဏာ အပြည့်အဝ ရရှိဖို့ ၂၀၀၈ဖွဲ့စည်းပုံကို ပြင်ကြစို့ ၊ မြန်မာပြည်အနာဂတ်ကောင်းစားဖို့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ကြစို့” စတဲ့ကြွေးကြွေးကြော်သံတွေ ကြွေးကြော်ကာ တံတားဦး အင်းဝလမ်းဆုံ၊ တံတားဦးဈေး ကနေ တံတားဦးမြို့တွင်း လူစည်ကားရာနေရာတွေကို စီတန်းလှည့်လည် ကြွေးကြော်ခဲ့ကြပါတယ်။
ဆန္ဒပြရာမှာ ပါဝင်တဲ့ ကဗျာဆရာကြီးကိုလေး(အင်းဝဂုဏ်ရည်)က “ကမ္ဘာမှာမရှိတဲ့ ဖွဲ့စည်းပုံ ကြောက်စရာကောင်းလိုက်တဲ့လူတွေပါဗျာ။ ဒါမှ မပြင်ရင် ဘယ်ဟာပြင်မှာတုန်း ပြင်စရာမလိုဘူး။ ထပ်ကို အသစ်ရေးသင့်တာ။ မပြင်ဘူးထပ်ကိုရေးမှာ တခွန်းထဲဘဲပြောမယ် ပြန်ရေးမယ်”လို့ ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးထောက်ခံပွဲမှာ တံတားဦး၊ ပင်းယ၊ အင်းဝ၊ မြေတော်၊ စကားအင်း စတဲ့ကျေးရွားတွေကနေ ဒေသခံပြည်သူ အင်အား ၃၀၀ လာက် လာရောက်စုရုံး ပါဝင်ခဲ့ကြတယ်။