မောင်တောတွင် မီးလောင်၊ လူ၂၃ ဦး အိုးမဲ့အိမ်မဲ့ဖြစ်
DVB
·
March 4, 2019
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရွာသစ်ကေရပ်ကွက်၊ အလယ်ရွာမှာ မတ်လ ၄ ရက် မနက် ၁ နာရီလောက်က နေအိမ်တလုံးရဲ့မီးဖိုမီးကြွင်းမီးကျန်ကတဆင့် မီးလောင်ကျွမ်းခဲ့ပြီး အနီးနားရှိ နေအိမ်တွေကိုပါ မီးကူးစက်လောင်ခဲ့ပါတယ်။
မီးလောင်မှုကြောင့် လူတွေ ထိခိုက်ဒဏ်ရာရတာမရှိဘဲ လူနေအိမ် ၄လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး မီးဘေးဒုက္ခသည် အမျိုးသား ၁၀ဦး၊ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၂၃ ဦးတို့ နီးစပ်ရာဆွေမျိုးတွေရဲ့ နေအိမ်မှာ ယာယီ ခိုလှုံနေကြရတယ်လို့ ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။