သြစတြေးလျတွင် တောမီးကြောင့် အိုးအိမ်အတော်များများ ပျက်စီး

သြစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ် မဲလ်ဘုန်းမြို့ အရှေ့ပိုင်းက တောမီးတွေကြောင့် အိုးအိမ်အတော်များများ မတ်လ ၃ ရက်က ပျက်စီးခဲ့ပါတယ်။ ခြောက်သွေ့ပူပြင်းတဲ့ အခြေအနေက မီးလောင်ပြင် အတော်များများကို မီးလောင်ရာ လေပင့်နေတာကြောင့် နောက်ထပ်ဆုံးရှုံးတာတွေ ရှိမယ်လို့ အရေးပေါ်ဌာနက သတိပေးထားပါတယ်။ မတ်လ ၁ ရက်နေ့က အကြိမ်ရေ အတော်များများ မိုးကြိုးပစ်ခဲ့လို့ မဲလ်ဘုန်းအရှေ့ပိုင်း ဘန်ယစ် ပြည်ထောင်စုဥယျာဉ်ထဲမှာ အကြီးဆုံး မီးလောင်ကျွမ်းခဲ့လို့ ကျေးလက်မြို့နယ်မှာ နေထိုင်သူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရပြီး ဒဏ်ရာရသူတော့ မရှိပါဘူး။ မီးသတ်သမား အယောက် ၈၅၀ ကျော်ဟာ ကုန်ကားတွေနဲ့ လေယာဉ်တွေ အစီးတရာကျော် သုံးပြီး မီးငြှိမ်းသတ်ဖို့ ကြိုးစားနေတယ်လို့ ဗစ်တိုးရီးယား အရေးပေါ်စီမံရေး ကော်မရှင်နာမင်းကြီး အန်ဒရူး ခရစ်ပ်စ်က ပြောပါတယ်။ တနင်္ဂနွေနှောင်းပိုင်းမှာ လေကြောင်း ပြောင်းလဲတိုက်ခတ်မှာဖြစ်လို့ မီးသတ်သမားတွေအတွက် ဘေးအန္တရာယ်ရှိတယ်လို့ သြစတြေးလျ မိုးလေဝသဗျူရိုက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up