ရေနံ​ချောင်းမြို့နယ်တွင် ဆိုလာပြားကတဆင့် မီးလောင်

မကွေးတိုင်း၊ ရေနံ​ချောင်းမြို့နယ်၊ ဥသျှစ်​ကုန်း​ကျေးရွာမှာ မနေ့ညနေ ၃ နာရီလောက်က အိမ်​​ခေါင်​မိုး​ပေါ်တင်​ထား​တဲ့ ဆိုလာပြားကနေ အပူလွန်​ကဲပြီး မီးလောင်​ခဲ့လို့  လူနေအိမ်တချို့ မီးထဲပါသွားပါတယ်​။ ဥသျှစ်​ကုန်း​ကျေးရွာ၊ ရွာလယ်​ရှိ မမြင့်မြင့်​​ထွေး​ရဲ့နေအိမ်​ကနေ မီးစတင်​​လောင်​ကျွမ်းခဲ့တာ ဖြစ်ပြီး လူ​နေအိမ်​ ၅ လုံး၊ နွားတင်းကုပ်​ ၄လုံး၊ ဆိုင်​ကယ်​၂စီး၊ ပဲခွဲစက်​ ၁စက်​၊ နွားစာစဉ်းစက်​၁ခု၊ နွားလှည်း ၃စီး အပါအ၀င် ဆုံးရှုံးမှု တန်​ဖိုး ကျပ် ၁၄ သိန်း​ကျော်​ ရှိခဲ့တယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့က သိရပါတယ်​။ မီး​လောင်​တဲ့နေရာကို မြို့နယ်​မီးသတ်​ဦးစီးဌာနက မီးသတ်​ယာဉ်​ ၃ စီး၊ အဖြူ​ရောင်​တွဲလက်​ ညီအကိုများ ပရဟိတအဖွဲ့နဲ့ ရွှေကြာပရဟိတ အသင်းက ရေသယ်​ယာဉ်​တွေက သွား​ရောက်​မီးငြှိမ်းသတ်​ခဲ့ရာ၊ ၃နာရီခွဲလောက်မှာ မီးငြိမ်းသွား​ပါတယ်​။ အဆိုပါ မီး​လောင်​မှုနဲ့ ပတ်သက်ပြီး အိမ်ရှင်ကို  မြို့နယ်​ရဲတပ်​ဖွဲ့က အမှုဖွင့် အ​ရေးယူဖို့ ဆောင်​ရွက်​ နေပါတယ်​။ ကိုလင်း(​ချောက်​)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up