စားသုံးသူ ကာကွယ်ရေးဥပဒေ ပြင်ဆင်ပေးရန် သမ္မတထံ စာပို့
DVB
·
March 3, 2019
စားသုံးသူ ကာကွယ်ရေးဥပဒေကြမ်းမှာပါဝင်တဲ့ ပြဋ္ဌာန်းချက်တွေဟာ လုပ်ငန်းရှင်တွေ ဘက်ကို ကာကွယ်ပေးတဲ့ ဥပဒေပုဒ်မတွေသာဖြစ်နေတဲ့အတွက် ဒီဥပဒေကိုပြင်ဆင်ပေးဖို့ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းက နိုင်ငံတော်သမ္မတထံကို စာပေးပို့ထားပါတယ်။
စားသုံးသူကာကွယ်ရေးဥပဒေဟာ နို်င်ငံအတွက် ဒုတိယအရေးကြီးဆုံး ဥပဒေဖြစ်နေပြီး စားသုံးသူဦးရေ ၅၄ သန်းကို ကာကွယ်ပေးနိုင်တဲ့ ဥပဒေမရှိသေးပါဘူး။
စားသုံးသူ ကာကွယ်ရေးဥပဒေကြမ်းမှာပါဝင်တဲ့ ပြစ်မှုနဲ့ပြစ်ဒဏ်တွေဟာ ပမာဏနည်းပါး တဲ့ ငွေကြေးများသာဖြစ်တဲ့အတွက် ထိရောက်ဟန့်တားနိုင်တဲ့ ပြစ်ဒဏ်စီရင်ချက်မျိုး မဟုတ်ဘူးလို့ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောပါတယ်။
အခုချိန်မှာ စားသုံးသူတွေအပေါ် အမှန်တကယ် အကာအကွယ်ပေးထားနိုင်တဲ့ဥပဒေ မရှိသေးဘဲ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေကြမ်းမှာလည်း ပြင်ဆင်စရာအချက်တွေရှိနေပါတယ်။
စားသုံးသူကာကွယ်ရေးဥပဒေကြမ်းကို UMFCCI က လုပ်ငန်းရှင်တွေနဲ့ စားသောက်ကုန် ထုတ်လုပ်ရောင်းချသူများအသင်းက လုပ်ငန်းရှင်တွေရဲ့ အကြံဉာဏ်တွေနဲ့ရေးဆွဲထားတဲ့အတွက် လုပ်ငန်းရှင်တွေကို အကာအကွယ်ပေးထားတဲ့ ပုဒ်မတွေနဲ့ တားမြစ်ချက်တွေ ပါဝင်နေတယ်လို့ သိရပါတယ်။
စုစု