ချန်ပီယံလိဂ်တွင် ရီးရဲလ် ကွာတားဖိုင်နယ်အဆင့်ကို ဖြတ်ကျော်နိုင်မည်ဟု မော်ရင်ဟိုပြော

871
ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ လာလီဂါနဲ့ လိဂ်ဖလားတွေမှာ အခြေအနေမကောင်းပေမယ့် ချန်ပီယံလိဂ်မှာတော့ အောင်မြင်မှု ရရှိနိုင်ပါသေးတယ်လို့ နည်းပြဟောင်း မော်ရင်ဟိုက ပြောပါတယ်။
beIN Sport သတင်းဌာနနဲ့ အင်တာဗျူးအစီစဉ်မှာ မော်ရင်ဟိုက အခုလို ပြောဆိုခဲ့တာပါ။
“မက်ဒရစ်အသင်းအတွက် အပြုသဘောဆောင်တဲ့အချက်က သူတို့ အမ်စတာဒမ်မှာ ကောင်းမွန်စွာ ကစားနိုင်ခဲ့တာပါပဲ။ နောက်တပွဲကို သူတို့ ဘာနေဗျူးမှာကစားရမှာဖြစ်ပြီး မက်ဒရစ်အသင်းဟာ တပတ်အတွင်း သုံးပွဲဆက်တိုက်ကို အရှုံးခံမှာမဟုတ်ပါဘူး။ ပြောရရင် သူတို့အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို ဖြတ်ကျော်နိုင်မှာဖြစ်ပြီးတော့ ကြားထဲက အချိန်တွေမှာ ကောင်းမွန်စွာအနားယူကာ နောက်ပွဲတွေအတွက် အင်ပြည့်အားပြည့်နဲ့ ပြန်လာနိုင်မှာဖြစ်တယ်။”
ရီးရဲလ်မက်ဒရစ်အသင်းဟာ မတ်လ ၂ ရက်နေ့ညက ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အစဉ် အလာပြိုင်ဘက် ဘာစီလိုနာအသင်းကို ရှုံးနိမ်းခဲ့ရပြီး အဲ့ဒီမတိုင်ခင်မှာလည်း ဘာစီလိုနားအသင်းကိုပဲ ရှုံးနိမ့်ကာ ကိုဘာဒယ်ရေးဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။
“မက်ဒရစ်အသင်းအတွက် လိဂ်ဖလား မျှော်လင့်စရာ မရှိတော့သလို လာလီဂါဖလားကိုလည်း လက်လွှတ်ရဖို့ သေချာသလောက် ရှိနေပါတယ်။ ဒါပေမယ့် သူတို့မှာ မျှော်လင့်စရာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကျန်ရှိနေဆဲဖြစ်ပြီး ဒီပြိုင်ပွဲမှာတော့ သူတို့အသင်း အခြေ အနေကောင်းမွန်နိုင်ပါတယ်” လို့လည်း မော်ရင်ဟိုက ပြောဆိုခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်ရှိအချိန်မှာ ရလဒ်ဆိုးရွားနေပြီး လာလီဂါပြိုင်ပွဲမှာလည်း ၁၂ ပွဲကစားဖို့ ကျန်နေသေးတဲ့အချိန်မှာ ဦးဆောင်သူ ဘာစီလိုနာအသင်းနဲ့ ၁၂ မှတ်အကွာကို ရောက်ရှိနေတာပါ။
အသင်းရဲ့ ရလဒ်တွေ ဆိုးရွားနေမှုကြောင့် နည်းပြဆိုလာရီဟာလည်း ဖိအားတွေအောက် ရောက်ရှိနေပြီး ဒီရာသီကုန်ရင် အသင်းနည်း ပြရာထူးကနေ ဖယ်ရှားခံရနိုင်ခြေရှိတယ်လို့လည်း သတင်းတွေမှာ ဖော်ပြနေပါတယ်။
မော်ရင်ဟိုဟာ ရီးရဲလ်အသင်းကို နည်းပြအဖြစ် သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ရီးရဲလ်နည်းပြအဖြစ် ပြန်လည်ခန့်အပ်ခံရနိုင်ခြေရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတာပါ။