မန္တလေး အိုးဘိုအကျဉ်းထောင်မှ အကျဉ်းသား ၇၂ ဦး တက္ကသိုလ်ဝင်တန်းဖြေမည်
DVB
·
March 3, 2019
၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်အတွက် မန္တလေးဗဟို အကျဉ်းထောင် (အိုးဘို) ကနေ တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် အကျဉ်းသူ အကျဉ်းသား ၇၂ ဦးရှိပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၆ ရက်နေ့မှာ မြန်မာတနိုင်ငံလုံးအနေနဲ့ စတင်ဖြေဆိုမှာ ဖြစ်ပြီး မန္တလေးဗဟို အကျဉ်းထောင် (အိုးဘို) မှာ စာစစ်ဌာန ဖွင့်ထားပါတယ်။
အရင်က စာမေးပွဲဖြေဆိုရာမှာ အကျဉ်းသား/သူများအနေနဲ့ အင်းစိန်အကျဉ်းထောင် စာစစ်ဌာနကို သွားရောက်ဖြေဆိုခဲ့ရပြီး ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်က စတင်ပြီး (အိုးဘို) စာစစ်ဌာနမှာ ဖြေဆိုစေခဲ့ပါတယ်။
၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်း အကျဉ်းသား အကျဉ်းသူ ၅၅ ဦးဝင်ရောက်ဖြေရာ ၃ ဘာသာဂုဏ်ထူး ၄ ဦး၊ ၂ ဘာသာဂုဏ်ထူး ၄ ဦး၊ ၁ ဘာသာဂုဏ်ထူး (၁၃) ဦး နဲ့ ရိုးရိုးအောင် ၆ ဦး ရှိခဲ့ပါတယ်။