ရင်ဖွင့်စာ
DVB
·
March 3, 2019
အန္တရာယ်ကင်းအောင် ဆိုင်ကယ်လမ်းလေး သတ်မှတ်ပေးပါ   ပုသိမ်ကြီးမြို့နယ် ကျောက်ချေားတိုးဂိတ် ပြုပြင်နေတာ ကျနော်တို့ ဆိုင်ကယ်သမားတွေ အတွက် အခတ်တွေ့နေပါတယ်။ အဲ့ဒါ ဘယ်လိုအကူအညီတောင်းရမှန်းမသိလို့ မေးလိုက်ပါတယ်။ အဓိကကတော့ ဆိုင်ကယ်လမ်းလေး အဆင်ပြေစွာ သက်မှတ်ပေးထားဖို့ပါ။ ကားရော၊ ဆိုင်ကယ်ရေား အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက်ရယ်၊ သူတို့ လုပ်နေတာ ဘယ်သူ့ကိုမှ ထည့်တွက်ထားပုံမပေါ်တာကြောင့် ဆိုင်ရာဌာနကို တိုင်ကြားချင်ပေမယ့် ဘယ်လိုနေရာကို တိုင်ကြားရမလဲမသိလို့ ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။ ပုသိမ်ကြီး ဆိုင်ကယ်သမား လှိုင်သာယာက လုယက်မှုများ အရေးယူပေးပါ   လိုင်သာယာမှာ အခုဖြစ်နေတာကတော့ ၀န်ထမ်း လစာထုပ်ရင်ပဲ ဖြစ်ဖြစ် ညနေအိမ်ပြန်တဲ့ နေ့တွေမှာ ကြုံတွေ့ရတာကတော့ ဆွဲကြိုး၊ ဖုန်း၊ လက်ဆွဲအိပ်အပြင် လူကိုပါ ဒုက္ခပေးတဲ့အထိ ရှိနေပါတယ်။ တာဝန်ရှိသူတွေကလည်း အမည်းရောင်နယ်မြေဆိုပြီး သိပ်တာဝန်ယူမှုမရှိပါဘူး။ ဒါတွေကို တာဝန်ရှိသူတွေသိအောင် ပြောပေးပါဗျာ။ လှိုင်သာယာမြို့ခံတဦး ပြင်ဦးလွင်မြို့က ကန်တော်ကြီး ၀န်ထမ်းတဦးရဲ့ ဖွင့်ဟချက်   မင်္ဂလာပါဗျာ၊ ကျနော်ကတော့ သာမန်ဝန်ထမ်းတဦးပါ. . အပန်းဖြေမြို့ဖြစ်တဲ့ ပြင်ဦးလွင်မြို့က ကန်တော်ကြီး ဝန်ထမ်းပေါ့။ နာယကကြီးနဲ့ ဥက္ကဋ္ဌတို့အား တခုမေးချင်ပါတယ်။ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး စတဲ့ မြို့ကြီးတွေက ဥယျာဉ်တွေမှာ အဆိုင်းသုံးဆိုင်းနဲ့ လုပ်ငန်းလည်ပတ်ပေမယ့် ကျနော်တို့ ပြင်ဦးလွင်ကျတော့ ဘာကြောင့်မရပါသလဲ။ အလုပ်ဝင်ချိန် မနက် ၇ နာရီကနေ ၅ နာရီခွဲထိလုပ်ရပါတယ်။ .မလုပ်နိုင်ရင်ထွက်ဆိုတာချည်းပဲ။ ကျနော်တို့နေရာမှာ ဥပဒေက အကျူံးမဝင်ဘူးလားဆိုတာ သိချင်ရုံလေးပါ။ ဖြစ်နိုင်မယ်ဆိုရင် မြို့ကြီးတွေနည်းတူ အခွင့်အရေးပေးစေချင်ပါတယ်။ စာနာနားလည်နိုင်ပါစေ။ လူသွားလမ်း ပလက်ဖောင်း ဆောက်ပေးစေလို   မင်္ဂလာပါ။ ပုပ္ဗသီရိ မြို့်နယ် နေပြည်တော်က သံလွင်လမ်းမကြီးအကြောင်းပါ။ နေပြည်တော် ဘူတာကြီးကို နည်းနည်း ကျော်လွန်ပြီးတာနဲ့ လမ်းမကြီးဟာ တဖက်ကို ၂ လမ်းသွားစီ ဖြစ်သွားပါတယ် ဘေးမှာ ထပ်မံချဲ့ရန် မြေနေရာ ချန်ထားပါတယ်။ အဲ့ဒါ ထပ်ချဲ့ဖို့ အချိန်လိုသေးတယ် ဆိုရင် လူသွားလမ်း ပလက်ဖောင်းလေး လမ်းဘေးအစွန်ဆုံးမှာ ဆောက်ပေးစေလိုပါတယ်။ အခုအခါမှာတော့ ပုပ္ဗသီရိ မြို့နယ်တွင်းနေထိုင်သူများ သွားလာရာမှာ ယာဉ်သွားလမ်းမကြီးပေါ်မှာ သွားလာနေကြရလို့ လူတွေလည်း အန္တရာယ် ရှိသလို ယာဉ်တွေအတွက်လည်း အနှောင့်အယှက် ဖြစ်စေပါတယ်။ ထို့ကြောင့် မြို့အင်္ဂါရပ်နဲ့ အညီဖြစ်စေဖို့၊ လမ်းသွားလမ်းလာ ပြည်သူတွေ ဘေးအန္တရာယ် ကင်းရှင်းစေဖို့ လူသွားလမ်း ပလက်ဖောင်းတခု ဆောက်လုပ်ပေးစေလိုပါတယ်။ ဒီအကြောင်းအရာလေးကို ဒီဗွီဘီကတဆင့် တင်ပြပေးဖို့ အကူအညီ တောင်းခံအပ်ပါတယ်။ ပုပ္ဗသီရိတွင် နေထိုင်သူတဦး လွတ်ငြိမ်းခွင့်ရနေသည့် စကုမြို့က လောင်းကစားဒိုင်ကြီးများ   ကျနော်က မကွေးတိုင်း စကုမြို့ကပါ။ ကျနော်တို့မြို့လေးမှာ နှစ်ပေါင်းမြောက်မြားစွာ လုပ်လာခဲ့တဲ့ ၁ လုံး၊ ၂ လုံး၊ ၃ လုံး ဒိုင်ကြီးတွေ ၄ ဖွဲ့ရှိပါတယ်။ ဘယ်လိုစီမံချက်နဲ့ပဲလာလာ အဲဒီအဖွဲ့တွေက ထာဝရလွတ်ငြိမ်းချမ်းသာခွင့်ကို ရနေကြတယ်။ ရံဖန်ရံခါ လောင်းကစားကို လုံခြုံးရေးစီမံချက်နဲ့ ဖမ်းဆီးတာတွေ လုပ်တဲ့အခါမှာလည်း ဆင်းဆင်းရဲရဲနဲ့ ကော်မရှင်စား ရောင်းစားနေကြတဲ့သူတွေသာ အဖမ်းခံရပြီး ပင်မဒိုင်ကြီးတွေကတော့ အပြုံးမပျက် အလုပ်မပျက်ပါဘဲ။ အဓိကပြောချင်တာကတော့ ကျနော်တို့ စကုမြို့သေးသေးလေးက များပြားလှတဲ့ ၁ လုံး၊ ၂ လုံး၊ ၃ လုံး ဒိုင်ကြီးတွေကို သက်ဆိုင်ရာက တိတိကျကျမှန်မှန်ကန်ကန်နဲ့ လိုရင်းရောက်အောင် တားဆီးအရေးယူပေးပါလို့ ဒီဗွီဘီကတဆင့် အကြောင်းကြားလိုက်ရပါတယ်။ စကုမြို့ခံတဦး ဒီဗွီဘီကို ရင်ဖွင့်စာပေးပို့လိုပါက အောက်ဖော်ပြပါ အီးမေးလ်တွေကို ပေးပို့နိုင်ပါတယ်။ [email protected] နဲ့ [email protected]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024